Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб ယူကရိန်းအတွက် စစ်လက်နက် ထောက်ပံ့မှုတချို့ အမေရိကန် ဆိုင်းငံ့ထား | People's Spring в хорошем качестве

ယူကရိန်းအတွက် စစ်လက်နက် ထောက်ပံ့မှုတချို့ အမေရိကန် ဆိုင်းငံ့ထား | People's Spring 13 часов назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



ယူကရိန်းအတွက် စစ်လက်နက် ထောက်ပံ့မှုတချို့ အမေရိကန် ဆိုင်းငံ့ထား | People's Spring

ယူကရိန်းအတွက် စစ်လက်နက် ထောက်ပံ့မှုတချို့ အမေရိကန် ဆိုင်းငံ့ထား ယူကရိန်းဆီ စစ်လက်နက် ထောက်ပံ့ပို့ဆောင်မှု အစီအစဉ် တချို့ကို ဆိုင်းငံ့ထားကြောင်း အမေရိကန် အစိုးရက အတည်ပြုခဲ့ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ဟာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမေရိကန် အကျိုးစီးပွားသာ ဦးစားပေးဖြစ်တယ်ဆိုတဲ့ မူဝါဒနဲ့အညီ ချမှတ်ခဲ့တာလို့ အိမ်ဖြူတော်က ဆိုပါတယ်။ ကာကွယ်ရေး ဝန်ကြီးဌာနက တခြားနိုင်ငံတွေကို အမေရိကန်က စစ်ရေးအရ ကူညီထောက်ပံ့နေမှုတွေကို ပြန်လည် စိစစ် သုံးသပ်ခဲ့တဲ့နောက် အစိုးရ အနေနဲ့ အခုလို ဆုံးဖြတ်ခဲ့တာလို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး အန်နာကယ်လီက ဇူလိုင် ၁ ရက်နေ့မှာ ပြောကြားသွားပါတယ်။ ၂၀၂၂ ခုနှစ်မှာ ရုရှားက အိမ်နီးချင်း ယူကရိန်းကို စစ်ပြု တိုက်ခိုက်ခဲ့တဲ့နောက် သမ္မတ ဂျိုးဘိုင်ဒန် ဦးဆောင်ခဲ့တဲ့ အမေရိကန် အစိုးရဟာ ယူကရိန်းအတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ စစ်ရေး အထောက်အပံ့တွေ ပေးပို့ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ်ဆန်းပိုင်းမှာ ထရမ့်က သမ္မတ ဖြစ်လာတဲ့နောက် ယူကရိန်းအတွက် စစ်ရေး အကူအညီ အများစုကို ဆိုင်းငံ့ထားခဲ့ပါတယ်။ ဒါ့အပြင် ထရမ့်ရဲ့ အတွင်းစည်းပုဂ္ဂိုလ် တချို့က အမေရိကန် ကိုယ်တိုင်က စစ်လက်နက်တွေ သိုလှောင်ထားမှု လျော့ကျလာနေလို့ ယူကရိန်းဆီ ထောက်ပံ့ပေးပို့တာတွေ ရပ်ဆိုင်းထားသင့်ကြောင်း ထောက်ပြခဲ့ကြပါတယ်။ တခြားတစ်ဖက်မှာတော့ အမေရိကန်ဟာ အစ္စရေးအတွက် စစ်လက်နက်တွေ ထောက်ပံ့ပေးပို့မှုကို အရှိန်မြှင့်တင်လာတာကို တွေ့နိုင်ပါတယ်။ ယူကရိန်း အစိုးရကတော့ ကယ်လီရဲ့ စကားနဲ့ ပတ်သက်ပြီး လတ်တလော ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ယူကရိန်းဆီ ဘယ်လို စစ်လက်နက် အမျိုးအစားတွေ တင်ပို့မှုကို ဆိုင်းငံ့ထားမလဲ ဆိုတာကိုလည်း အမေရိကန် စစ်ဘက် အရာရှိတွေက အသေးစိတ် ရှင်းပြမထားသေးပါဘူး။ ဒါပေမဲ့ လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေ၊ ပစ်မှတ်ကို တိတိကျကျ ချိန်ရွယ် တိုက်ခိုက်နိုင်တဲ့ ပဲ့ထိန်းစနစ်ပါ ခဲယမ်းမီးကျောက်တွေဟာ အခု ကန့်သတ်လျှော့ချမှုမှာ အကျုံးဝင်လာလိမ့်မယ်လို့ ယူဆရပါတယ်။ ယူကရိန်းကို စစ်ရေးအကူအညီ ပေးနေမှုတွေနဲ့ ပတ်သက်ပြီး ကာကွယ်ရေး ဝန်ကြီးဌာနဟာ သမ္မတအတွက် ထိရောက်အားကောင်းတဲ့ ရွေးချယ်မှုတွေကို ဆက်လက် အကြံပြုနေမယ်လို့ ဝန်ကြီးဌာနရဲ့ ကာကွယ်ရေး မူဝါဒဆိုင်ရာ ဌာနခွဲ အကြီးအကဲ အဲလ်ဘရစ်ဂျ် ကိုလ်ဘီက ပြောပါတယ်။ အမေရိကန် အစိုးရရဲ့ ကာကွယ်ရေး မူဝါဒတွေဟာ နိုင်ငံကို ကိုယ်တိုင် ကာကွယ်နိုင်ဖို့ အသင့်ရှိနိုင်စွမ်းအပေါ် အဓိက ဦးစားပေးမှာလို့လည်း သူက ဆိုပါတယ်။ အမေရိကန်ရဲ့ စစ်လက်နက် အပိုဆောင်း သိုမှီးထားနိုင်မှု လျော့ကျလာနေကြောင်း စိုးရိမ်တကြီး ထောက်ပြမှုတွေနဲ့ ပတ်သက်လို့တော့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကယ်လီက အမေရိကန်ရဲ့ စစ်ရေးစွမ်းရည်ကို သိချင်ရင် အီရန်ကို သွားမေးကြည့်သင့်တယ်လို့ ပြောကြားသွားပါတယ်။ ဒါဟာ ဇွန်လ ၂၂ ရက်နေ့တုန်းက အီရန်ရဲ့ နျူကလီးယား စခန်း ၃ ခုကို အမေရိကန် လေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကို ရည်ညွှန်းတဲ့ အဓိပ္ပါယ်ပါ။ ကယ်လီက အမေရိကန်ရဲ့ စစ်အင်အားဟာ မေးခွန်းထုတ်စရာ ဘာမှမလိုအောင် တောင့်တင်းနေဆဲလို့လည်း ပြောပါတယ်။ ယူကရိန်းအပေါ် ရုရှားက ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ အရှိန်မြှင့်တင်လာချိန်မှာ ယူကရိန်းအတွက် စစ်လက်နက် ထောက်ပံ့မှုတွေ လျှော့ချတဲ့ အမေရိကန် အစိုးရ ဆုံးဖြတ်ချက်က ထွက်ပေါ်လာတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရုရှားဟာ စစ်ပွဲကာလ တလျှောက်လုံးမှာ ယူကရိန်းအပေါ် ပမာဏ အကျယ်ပြန့် အကြီးမားဆုံး လေကြောင်း တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့ပြီး ဒရုန်းတွေ၊ ခရုစ်နဲ့ ပဲ့ထိန်းဒုံးကျည်တွေ စုစုပေါင်း အရေအတွက် ၅၀၀ ကျော်ကို နိုင်ငံအနှံ့က မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ #ludunwayoo #လူထုနွေဦး #NewsUpdate 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 𝗬𝗼𝘂𝗧𝘂𝗯𝗲 -    / @peoplespring   𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 -   / ludunwayoo   𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/ 𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 -   / ludunwayoo   𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

Comments