Из-за периодической блокировки нашего сайта РКН сервисами, просим воспользоваться резервным адресом:
Загрузить через dTub.ru Загрузить через ycliper.com Загрузить через ClipSaver.ruУ нас вы можете посмотреть бесплатно ရမည်းသင်း သပြေပင်ရွာ ရေဘေးကြောင့် လူ ၃၀ခန့် သေဆုံး၊ или скачать в максимальном доступном качестве, которое было загружено на ютуб. Для скачивания выберите вариант из формы ниже:
Роботам не доступно скачивание файлов. Если вы считаете что это ошибочное сообщение - попробуйте зайти на сайт через браузер google chrome или mozilla firefox. Если сообщение не исчезает - напишите о проблеме в обратную связь. Спасибо.
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса savevideohd.ru
၅၀ ခန့် ပျောက်ဆုံးနေကာ ကား ၂၇စီး ပျက်စီး၊ တေဇ/MFP ၊ စက်တင်ဘာ - ၁၄ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ အင်တိုင်းကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာမှာ စင်တင်ဘာလ ၁၁ရက် ညပိုင်း မိုးရွာ၊ ရေကြီး၊ မြေပြိုကာ တောင်ကျရေ တိုက်စားလို့ တစ်အိမ်ထဲက မိသားစုဝင် ခုနှစ်ဦး အပါအဝင် ရွာခံပြည်သူ ၃၀ ခန့် သေဆုံးပြီး ၅၀ခန့် ပျောက်ဆုံးနေကာ ကား ၂၇ စီးနဲ့ နေအိမ်အများအပြား ပျက်စီးတယ်လို့ ကူညီ ကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။ ရေဘေးသင့်တဲ့ ရမည်းသင်းနယ် အရှေ့ခြမ်းက သပြေပင်ရွာကို စက်တင်ဘာလ ၁၃ရက်မှာ ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်နိုင်ခဲ့ပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ “ရွာရဲ့ ၉၀ ရာခိုင်နှုန်း ရေအောက်ကို ရောက်ခဲ့ပြီး လက်ရှိ စာရင်းအရ သေဆုံးသူ အယောက် (၃၀)ခန့်နဲ့ ပျောက်ဆုံး (၅၀)ဦးခန့်။ ကားအစီးပေါင်း (၂၇)စီး ရေထဲ မျောပါခဲ့ပါသည်” လို့ သပြေပင်ရွာကို ရောက်ရှိကာ ကူညီ ကယ်ဆယ်ရေး လုပ်နေတဲ့ ကိုခိုင်ကြီးက ဆိုပါတယ်။ သေဆုံးသူ၊ ပျောက်ဆုံးသူနဲ့ ထိခိုက်ပျက်စီးတဲ့ အိမ်ခြေ အရေအတွက် အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ အဲ့ဒီ သပြေပင်ကျေးရွာအတွင်း စက်တင်ဘာလ ၁၁ရက်ညပိုင်း တောင်ကျရေကြောင့် နေအိမ်တစ်အိမ်ထဲမှာပဲ မိသားစုဝင် ခုနှစ်ဦး မြေပိသေဆုံးကာ စက်တင်ဘာလ ၁၂ရက် မနက်ပိုင်း အလောင်းတွေ ပြန်တွေ့တယ်လို့ ကျန်ရစ်သူ မိသားစုဝင် တစ်ဦးက လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ “အလောင်း ခုနှစ်လောင်းလုံး ပြန်တွေ့ပြီ။ ယောင်းမက ကလေးအငယ်လေးကို ပွေ့ရက်လေး သေနေတာ။ ကလေးအကြီးလေးက ဘေးမှာ မှောက်ရက်လေး။ ဘယ်လောက်များ ခံစားသွားလိုက်ရမလဲ မသိဘူး။ အားလုံး လူကြီး သုံးယောက်၊ ကလေး လေးယောက်။ သွားချင်တာကို တံတားတွေလည်းကျိုး၊ ရေလည်းနည်းနည်းပဲ ကျသေး။ သွားလို့ကမရ ဆိုးလိုက်တဲ့ဘဝ” သပြေပင်ကျေးရွာရဲ့ ရွာအလယ် ချောင်းရိုးအတိုင်း တောင်ကျရေတွေ စီးကျလာကာ ချောင်းရိုးရဲ့ ဘေး တဖက်တချက်စီက နေအိမ်တွေ ရေစီးနဲ့မျောပါ၊ ရေအောက်နစ်မြုပ် ပျက်စီးတာ ဖြစ်ပြီး ချောင်းရိုးနဲ့ ဝေးကွာတဲ့ အိမ်ခြေအနည်းငယ်သာ ကင်းလွတ်တယ်လို့ ဆိုပါတယ်။ သပြေပင်ကျေးရွာရဲ့ အိမ်ခြေ အတိအကျကို MFP အနေနဲ့ မသိရသေးဘဲ ၂၀၁၄ သန်ခေါင်းစာရင်းအရ အင်တိုင်း ကျေးရွာအုပ်စုမှာ အိမ်ထောင်စု ၆၀၀ ကျော်၊ လူဦးရေ ၂၅၀၀ ဝန်းကျင် နေထိုင်ပါတယ်။ စက်တင်ဘာလ ၁၀ရက်က စတင်ပြီး ရမည်းသင်းနယ်ထဲ မိုးအသည်းအထန် ရွာသွန်းကာ စက်တင်ဘာလ ၁၁ရက်နဲ့ ၁၂ရက်မှာ ရေကြီးတာ၊ မြေပြိုတာ၊ တောင်ကျရေ စီးဝင်တာနဲ့ ဆည်၊ကန်တွေ ရေလျှံတာကြောင့် ကျေးရွာအများအပြား ရေဝင်နစ်မြုပ်ကာ ထိခိုက်သေဆုံးသူ ရာနဲ့ချီရှိတယ်လို့ စစ်အုပ်စုနဲ့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ဆိုပါတယ်။ “ရမည်းသင်းမြို့နယ် ရေကြီးမှုတွင် စက်တင်ဘာလ ၁၁ရက်က ၁၀ဦး သေဆုံးပြီး စက်တင်ဘာလ ၁၂ရက်တွင် မြင်းနား (ရွာ) ခုနှစ်ဦး၊ ကျီးနီကန် သေဆုံးသူ ၂၈ဦး၊ တူးကုန်း (ရွာ) သေဆုံးသူ သုံးဦး၊ သပြေပင်(ရွာ)တွင် သေဆုံးသူ ၈၀ဦး၊ ချောင်းဖျား(ရွာ)တွင် ၁၀၀ဦး သေဆုံးပြီး စုစုပေါင်းသေဆုံးသူ (အလောင်းရ) ၂၂၈ဦး ရှိကြောင်း သိရသည်။ ရွာလုံးကျွတ် ရေထဲပါသွားသော ဝါးဖြူတောင် အထက်ရွာ၊ ဝါးဖြူတောင် အောက်ရွာ၊ ရွှေတောမိုင်းတို့၏ သေဆုံးမှု မသိရသေးသဖြင့် သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်ကြောင်း သိရသည်” လို့ စစ်အုပ်စုက တယ်လီဂရမ်ချန်နယ်တွေမှာ စက်တင်ဘာလ ၁၃ရက်က သတင်းဖြန့်ပါတယ်။ သပြေပင်ကျေးရွာ အပါအဝင် ရမည်းသင်းမြို့ရဲ့ အရှေ့ဘက်ခြမ်း ရွှေတူးဖော်ရေး လုပ်ငန်းတွေအနီးက ကျေးရွာတွေ ထိခိုက်သေဆုံးမှုနဲ့ ဆုံးရှုံးမှု များပြီး သပြေပင်၊ ချောင်းဖျား၊ ဝါးဖြူတောင် စတဲ့ ရွာတွေမှာ ရေဘေး ဒုက္ခကြုံကာ သေဆုံးမှုနဲ့ နေအိမ်ပျက်စီးမှု များတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီ သပြေပင်၊ ချောင်းဖျား၊ ဝါးဖြူတောင် စတဲ့ ရွာတွေရဲ့ သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှု အသေးစိတ် အခြေအနေတွေ မသိရသေးဘဲ ရေကြီးနေလို့ သွားလာရေး ခက်ခဲကာ ကုညီကယ်ဆယ်ရေး အဖွဲ့တွေ မရောက်ရှိသေးဘူးလို့ ဆိုပါတယ်။ ရမည်းသင်းနယ်ထဲ ရေဘေးကြောင့် ထိခိုက်သေဆုံးသူ ၁၇ ဦးရဲ့ အလောင်းတွေ တွေ့ရှိပြီး အိမ်ထောင်စု(၁၅၀၀၀)ကျော်၊ လူဦးရေ (၅၃၀၀၀)ကျော် ရေဘေးသင့်တယ်လို့ စစ်အုပ်စု မီးသတ်က စက်တင်ဘာ ၁၂ရက်မှာ ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလ ၁၁ရက်က မိုးသည်းထန် ရွာသွန်းပြီး ရေကြီးနစ်မြုပ်လို့ ရမည်းသင်းမြို့နယ် မြင်းနား ကျေးရွာအုပ်စု ကံသာအေးကျေးရွာက အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးလေးဦး၊ ရွှေနန်းပေါ်ကျေးရွာက အမျိုးသမီး တစ်ဦး၊ ဆည်ကြီးကျေးရွာအုပ်စု၊ ဆည်ကြီးကျေးရွာက အမျိုးသားတစ်ဦး၊ ညောင်အိုင်ကျေးရွာက အမျိုးသမီး တစ်ဦး၊ ဝါးဖြူတောင်ကျေးရွာအုပ်စု ချောင်းဖျားကျေးရွာက အမျိုးသမီး တစ်ဦး၊ စုစုပေါင်း (၁၀)ဦး သေဆုံး တယ်လို့ စစ်အုပ်စု မီးသတ်က ဆိုပါတယ်။ စက်တင်ဘာလ ၁၂ရက် မနက် ၉နာရီ... Read more