Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб MFP Daily News - ဇန်နဝါရီ(၄)ရက် မန္တလေး သတင်းများ в хорошем качестве

MFP Daily News - ဇန်နဝါရီ(၄)ရက် မန္တလေး သတင်းများ 2 года назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



MFP Daily News - ဇန်နဝါရီ(၄)ရက် မန္တလေး သတင်းများ

မင်္ဂလာပါခင်ဗျာ။ မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။ ၁။ မန္တလေးတိုင်း အကျဉ်းထောင်တွေက အကျဉ်းသား (၁၃၀၀)ကျော် လွတ်လာပေမယ့် နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ ပါဝင်ပြီး လူသိများတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ CDM တွေ လွတ်မြောက်လာတာ မရှိပါဘူး။ အာဏာသိမ်း စစ်အုပ်စုက ဒီနေ့ ကျရောက်တဲ့ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက ပြစ်ဒဏ်စေဖြို့ တစ်နှစ်အောက်သာ လိုတော့တဲ့ အကျဉ်းသား (၇၁၀၀)နီးပါးကို ထောင်က လွှတ်ပေးတာ ဖြစ်ပါတယ်။ ၂။ နွားထိုးကြီးမြို့နယ်၊ မင်းရွာ ကျေးရွာက ဒေသခံပြည်သူ သုံးဦးကို စစ်အုပ်စုက မနေ့က ဖမ်းဆီးသွားပြီးနောက် ညှဉ်းပန်းသတ်ဖြတ်ကာ ဒီမနက်ပိုင်း အလောင်းတွေကို နွားထိုးကြီးမြို့ အရှေ့ဘက် ဂွေးပင်တောလမ်းခွဲမှာ စွန့်ပစ်ထားတာ တွေ့ရပါတယ်။ နွားထိုးကြီး အပါအဝင် မြင်းခြံ၊ တောင်သာ၊ ငါန်းဇွန် စတဲ့ မြင်းခြံခရိုင်ထဲ စစ်အုပ်စုနဲ့ ပျူတွေ ကြီးစိုး သောင်းကျန်းနေပြီး ဒီဇင်ဘာ (၆) ရက်နောက်ပိုင်း NLD ပါတီဝင်နဲ့ ဒေသခံပြည်သူ (၂၅)ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပါတယ်။ ၃။ စစ်အုပ်စုရဲ့ ဥပဒေမဲ့ အကြမ်းဖက် ဖမ်းဆီးခံရတဲ့ သံဃသမဂ္ဂ(မန္တလေး) ဆရာတော်တစ်ပါး ဖြစ်တဲ့ ဆရာတော် ဦးအာစာရ (သပိတ်ခင်)ဟာ ငယ်ဖြူရဟတ်းတစ်ပါး၊ ကျန်းမာရေး ကောင်းမွန်သူဖြစ်ပြီး ဆရာတော်ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို ဖမ်းဆီးခဲ့သူတွေ တာဝန်ယူရမယ်လို့ သံဃသမဂ္ဂ(မန္တလေး)က ဒီနေ့ ထုတ်ပြန်ပါတယ်။ ၄။ စစ်အုပ်စုနဲ့ ပေါင်းပြီး ပြည်သူတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျနေတဲ့ မြစ်သားမြို့နယ်၊ ဒါးရဲကောင်းကျေးရွာက စစ်ကောင်စီ သစ္စာခံ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းမြင့်နဲ့ ရာအိမ်မှူး ချစ်ကို ဆိုသူတို့ မနေ့က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။ #MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ

Comments