Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб AA နဲ့ဆက်နွယ်တယ်ဆိုကာ ဖမ်းဆီးထားသူ ကိုးဦး ချုပ်မိန့်ရမာန်ယူ в хорошем качестве

AA နဲ့ဆက်နွယ်တယ်ဆိုကာ ဖမ်းဆီးထားသူ ကိုးဦး ချုပ်မိန့်ရမာန်ယူ 5 лет назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



AA နဲ့ဆက်နွယ်တယ်ဆိုကာ ဖမ်းဆီးထားသူ ကိုးဦး ချုပ်မိန့်ရမာန်ယူ

ဇူလိုင် - ၂၆၊ ၂၀၁၉ စင်ကာပူနိုင်ငံက ပြည်နှင်ဒဏ်ပေးလိုက်ပြီး မြန်မာနိုင်ငံပြန်ရောက်လာတဲ့ ရခိုင်လူမှုရေးအသင်း ( စင်ကာပူ) ရဲ့ ခေါင်းဆောင်ပိုင်းအပါအဝင် ကိုးဦးကိုဒီကနေ့မနက်ပိုင်းက ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးမှာ ချုပ်မိန့် ရမာန် ယူလိုက်ပါတယ်။ သူတို့ ကိုး ဦးဟာ ရခိုင်လက်နက်ကိုင်အဖွဲ့ ( AA ) ဆက်နွယ်တယ်ဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးစစ်ဆေးခံနေတာပါ။ မြန်မာနိုင်ငံ သတင်းရဲတပ်ဖွဲ့ ရဲမှူးက တရားလိုလုပ်ပြီး အမှုဖွင့်ထားတာလို့သိရပါတယ်။ မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ AA အတွက် ရန်ပုံငွေ ထောက်ပံ့တယ်ဆိုကာ စင်ကာပူက မြန်မာနိုင်ငံသားအချို့ကို ပြည်နှင်ဒဏ် ပေးခဲ့တာလဲဖြစ်ပါတယ်။ အဲဒီအထဲမှာ AA ခေါင်းဆောင် ကိုထွန်းမြတ်နိုင်ရဲ့ ညီ လည်းပါဝင်တယ်လို့သိရပါတယ်။ ပထမအကြိမ် ရမာန်ကိုတော့ ဇူလိုင် ၁၂ ရက်က မရမ်းကုန်းမြို့နယ်တရားရုံးမှာယူခဲ့တာဖြစ်လို့ ဒီကနေ့ ရုံးထုတ်မှာ မရမ်းကုန်မြို့နယ် တရားရုံးရှေ့မှာ မိသားစုဝင်တွေက လာရောက်စောင့်ဆိုင်းခဲ့တာပါ ။ ဒါပေမယ့် ချုပ်မိန့်ရမာန်ကို အနောက်ပိုင်းခရိုင်တရားရုံးမှာ ယူလိုက်တာလို့ တရားရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးမင်းသန့် က ပြောပါတယ်။ လက်ရှိမှာတော့ရဲက စစ်ဆေးနေတဲ့အဆင့် သာဖြစ်လို့ ဘယ်တရားရုံးမှာ တရားစွဲတင်မယ်ဆိုတာကိုလည်း မသိရသေးဘူးလို့ ဆိုပါတယ် ။ ဖမ်းဆီးစစ်ဆေးခံနေရသူတွေဟာ ဖမ်းခံရတဲ့နေ့ကစပြီး မိသားစုနဲ့တွေ့ဆုံခွင့်မရသေးဘူးလို့ လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေ့ ပြောပါတယ်။ ချုပ်မိန့် ရမာန်ကို လာမယ့် သြဂုတ်လ ၈ ရက်အထိ ယူထားတာဖြစ်ပြီးနောက်တစ်ကြိမ် ရုံးထုတ်ကိုတော့ ဘယ်ရုံးမှာ ထုတ်မယ်လို့တာကိုလည်းမသိရသေးဘူးလို့ ရှေ့နေ့ က ဆိုပါတယ်။ ရုပ်သံသတင်းထောက် - ယဉ်မွန်၊ စည်သူ Subscribe to our channel at https://bit.ly/2CVSP6d Check out our website: http://www.7daydaily.com/ Connect with us at our social media handles: Facebook:   / 7dayonlinetv   Twitter:   / 7day_tv  

Comments