Русские видео

Сейчас в тренде

Иностранные видео




Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



အသားစား ဒိုင်နိုဆောတွေထဲမှာ အကြီးဆုံးက T-Rex မဟုတ်ပါ။

စပိုင်နိုဆောရပ် (Spinosaurus) ဆိုတဲ့ သတ္တ၀ါ နာမည်ကို ကြားဖူးကြရဲ့လား။ သိပ္ဗံပညာအကြောင်း စိတ်ဝင်စားသူ တော်တော်များများကတော့ ဆောရပ် ဆိုတာ ဒိုင်နိုဆောလိုမျိုး လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ကမ္ဘာပေါ်မှာ ကျင်လည်ကျက်စားခဲ့တဲ့ သတ္တ၀ါကြီးတွေကို ခေါ်တာမှန်း သိကြမှာပါ။ Jurrassic Park ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြသလိုပဲ။ ကမ္ဘာပေါ်မှာ ရှင်သန်ကျက်စားခဲ့တဲ့ ဒိုင်နိုဆော မျိုးစိတ်တွေ အများအပြား ရှိတဲ့အနေက် အသားစား (Carnivorous) နဲ့ အရွက်စား တဲ့ (Harbivorous) နှစ်မျိုးလုံး ရှိပါတယ်။ ဒီအထဲမှာ အသားစားတဲ့ အကောင်တွေထဲမှာ predator လို့ ခေါ်တဲ့ အမဲလိုက်သတ်ဖြတ်စားတဲ့ အကောင်ကြီးတွေနဲ့ အကြွင်းအကျန် ရှာဖွေစားသောက်တဲ့ scavenger ဆိုပြီး ရှိပါတယ်။ အမဲလိုက်စားတဲ့ ဒိုင်နိုဆော အကောင်ကြီးတွေထဲမှာ ကြောက်မက်ဖွယ် ကောင်းပြီး၊ တိုင်ရန်နိုဆောရပ် (T-rex) လို့ ခေါ်တဲ့ ဒိုင်နိုဆောကို ရုပ်ရှင်တော်တော်များများမှာ ထည့်သွင်းရိုက်ကူးထားတာ ကြည့်ဖူးကြမှာပါ။ မကြာသေးခင် အချိန်အထိ တူးဖော်ရရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေအရ T-rex ဟာ အမဲလိုက်စားသောက်တဲ့ ဒိုင်နိုဆောတွေထဲမှာ အကြီးဆုံးလို့ သိထားကြပေမယ့်၊ နောက်ထပ်တွေ့တဲ့ ရုပ်ကြွင်းတွေအရတော့ သူ့ထက် အကောင်ကြီးတဲ့ အမဲလိုက် ဒိုင်နိုဆော ရှိနေသေးတာကို သိလာရပါတယ်။ စပိုင်နိုဆောရပ် လို့ ခေါ်တဲ့ ဒိုင်နိုဆောဟာ ကုန်းရေနှစ်မျိုးလုံးမှာ နေထိုင်ကျက်စားပြီး၊ T-rex လိုပဲ ကြောက်စရာ ကောင်းတဲ့ အသားစား ဒိုင်နိုဆော တစ်မျိုးဖြစ်တယ်ဆိုတာ Jurrassic Park III ဇာတ်ကားထဲမှာ T-rex နဲ့ စပိုင်နိုဆော နှစ်ကောင် သတ်ပုတ်တဲ့ အခန်းကို ထည့်သွင်း ရိုက်ကူးပြခဲ့တာ မှတ်မိဦးမှာပါ။ ဒီလို စိတ်ဝင်စားစရာ စပိုင်နိုဆောရပ်အကြောင်းကို ဒီဗွီဒီယိုမှာ အသေးစိတ် လေ့လာကြည့်လိုက်ရအောင်နော်။ ကြိုက်နှစ်သက်တယ်ဆိုရင် Like & Share လုပ် ခဲ့ဖို့ မမေ့ပါနဲ့။ ဒီဗွီဒီယိုကို ယူကြုမှာလည်း လင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။

Comments