Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб အမိုးအကာ မလုံခြုံမှုအောက်က ရခိုင်စစ်ဘေးရှောင်များ в хорошем качестве

အမိုးအကာ မလုံခြုံမှုအောက်က ရခိုင်စစ်ဘေးရှောင်များ 1 день назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



အမိုးအကာ မလုံခြုံမှုအောက်က ရခိုင်စစ်ဘေးရှောင်များ

အမိုးအကာ မလုံခြုံမှုအောက်က ရခိုင်စစ်ဘေးရှောင်များ --------- အာရက္ခတပ်တော်(AA)က ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲလာတာ အခုဆိုရင် တစ်နှစ်ခွဲကျော်ကြာမြင့်လာပါပြီ။ ၁၇ မြို့နယ်နဲ့ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA က ၁၄ မြို့နယ် သိမ်းပိုက်နိုင်တဲ့အထိ စစ်ရေးအရ အောင်မြင်မှုရရှိနေပါတယ်။ ဒီလိုစစ်ရေးအောင်မြင်မှုနဲ့အတူ တစ်ဖက်မှာလည်း စစ်ပွဲပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ သိန်းနဲ့ချီရှိနေပါတယ်။ လက်ရှိမှာ စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအခက်အခဲ၊ ကျန်းမာရေးအခက်အခဲ စတဲ့အကျပ်အတည်း တွေနဲ့ရင်ဆိုင်နေရပါတယ်။ အဲဒီလို စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေတဲ့အထဲမှာ ပုဏ္ဏားကျွန်းမြို့နယ် စစ်ဘေးရှောင်စခန်းတစ်ခုမှာ ခိုလှုံနေတဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်ဌေးဦးလည်း ပါဝင်ပါတယ်။ ဒေါ်ခင်ဌေးဦးမှာ  နှစ်တန်းကျောင်းသားနဲ့ KG ကျောင်းသူ သားသမီးနှစ်ယောက် ရှိပါတယ်။ စစ်ဘေးရှောင်လာကတည်းက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပြေးလာရတာဖြစ်တာကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်နေပါတယ်။ အလုပ်အကိုင်လည်း မယ်မယ်ရရမရှိတာကြောင့် တောတောင်ထဲမှာ ဟင်းရှာ၊ထင်းခုတ်ပြီး စားဝတ်နေရေးကို ခက်ခက်ခဲခဲဖြေရှင်းနေရပါတယ်။   “စားဝတ်နေရေးအခက်အခဲမှာတော့ ငတ်တာနဲ့အတူတူပဲ။ထမင်းငတ်တာနဲ့အတူတူပဲ။ထမင်းစားရတယ်လို့ နာမည်ပဲ(ရှိတာ)။ထမင်းစားတာမှာ ထမင်းတစ်ခုတည်းစားလို့မှ အဆင်မပြေတာ။ဒါပေမယ့်စားရတယ်။တောင် က ဟင်းတွေရှာပြီးစားရပေမယ့် ငါးပိ၊ဆားက မစုံ---အဲလိုစားရတယ်။ပြောရမယ်ဆိုရင် ပြောရင်းဝမ်းနည်း တယ်” လို့ ဒေါ်ခင်ဌေးဦးက ပြောပါတယ်။ လက်ရှိဟာ မိုးရာသီကာလကို ဖြတ်သန်းနေရပေမယ့် စစ်ဘေးရှောင်တွေဟာ အမိုးအကာမလုံတဲ့ တဲအိမ်တွေမှာ နေထိုင်နေရပါတယ်။ ဓနိရွက်တွေနဲ့မိုးထားတဲ့ အိမ်ခေါင်မိုးတွေဟာ ပေါက်ပြဲနေပြီး ဖာထေးပြုပြင်ဖို့လည်း ‌‌ငွေကြေးမတတ်နိုင်ဘူးလို့ အသက် ၆၁ နှစ်အရွယ် ဦးအောင်ရွှေစိန်က ပြောပါတယ်။ “ သမီးလူပျို၊သားလူပျိုတွေနဲ့ နေရတယ်။ (ခေါင်မိုးကလည်း) မိုးယိုတယ်။မိုးယိုရင် ရွေ့ပြီးနေရတယ်။ အိမ်ခေါင်မိုးကို တက်ပြီးလုပ်ဖို့လည်း ဝါးဝယ်ဖို့၊ဓနိရွက်ဝယ်ဖို့ (ပိုက်ဆံ)လည်းမရှိ။ ဖျက်လိုက်ရင်လည်း မျက်ကွင်းအသစ်ထည့်ရမယ်။အဲဒါကြောင့် မျက်ကွင်းလည်းမလဲဘူး။ ခေါင်မိုးကို တက်လုပ်မယ်ဆိုလည်း ဝါး၊ဓနိဝယ်ဖို့ပိုက်ဆံမရှိဘူး” အလှူရှင်တွေအနေနဲ့ လတ်တလောမှာ တဲအိမ်တွေကို ပြန်လည်မပြုပြင်ပေးရင်တောင် အိမ်ခေါင်မိုးအတွက် တာလပတ်တွေ လာရောက်လှူဒါန်းစေလိုတယ်လို့ စစ်ဘေးရှောင်တွေက တောင်းဆိုကြပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးမှာ စစ်ဘေးရှောင်ဦးရေ အနိမ့်ဆုံး သုံးသောင်းကျော်အထိရှိပါတယ်။ ဇွန်လထဲမှာ စစ်ဘေးရှောင်အရေးကူညီနေတဲ့အဖွဲ့အစည်းတစ်ခုဆီကနေ အိမ်ထောင်စုတစ်စုကို ‌ငွေငါးသောင်းကျပ် ထောက်ပံ့ပေးတာကလွဲလို့ ကျန်တဲ့ ပြည်တွင်း၊ ပြည်ပက အကူအညီ၊ အထောက်အပံ့တွေ ဒီနောက်ပိုင်းမှာ မရတော့ဘူးလို့ သိရပါတယ်။ “လိုတာကိုပြောဆိုရင် လောဘစကားကျမယ်။ဘာမှမပါဘူး။အိုးက ခွက်က ဆိုလည်း အိုးသုံးလုံးပါတယ်။ အားလုံးလိုတာပဲ။ မိုးယိုရင်လည်း တာလပတ်ရှာလည်းမရှိဘူး။ဘာမှမရှိဘူး။အခက်အခဲဆိုတာမှာအားလုံး။ မလုံခြုံတာမှာ ဘာမှမလုံခြုံဘူး ငါတို့မှာ။စားဝတ်နေရေးအားလုံးအပြီးအစီး ဘာမှမရှိဘူး” လို့ အသက် ၇၁နှစ်အရွယ် စစ်ဘေးရှောင်တစ်ဦးဖြစ်တဲ့ ဒေါ်ဝေမသာ က ပြောပါတယ်။ အသက် ၇၁ အရွယ် ဒေါ်ဝေမသာဟာ ဖြစ်သလိုစားသောက်နေထိုင်ရပြီး အရင်ကလို မုန့်၊ကော်ဖီ၊လက်ဖက်ရည်၊အချိုရည်တို့ကို ပိုက်ဆံမရှိလို့ မဝယ်စားနိုင်တော့ဘူးလို့ ဆိုပါတယ်။ “ အစကတည်းက အခက်အခဲပဲ။ အခုလည်း အခက်အခဲမှာ လူများငါးနဲ့စားရင် ဆားနဲ့စားခံတယ်။အဲလို ဒုက္ခခံနေတာ ပဲ။ဆန်ကိုလည်း အဲလို။ကိုယ့်မှာမရှိရင် ချေးစားတယ်။ ဘယ်ကပေးပေး ဟိုကနည်းနည်း ၊ဒီက နည်းနည်းပေးရင် ပြန်ဆပ်လိုက်တယ်။ကယ်ဆယ်ရေးပေးရင် ဆပ်လိုက်တယ်။ အခက်အခဲဆိုတာမှာ လုံးဝ မဖူလုံဘူး။စားဝတ်နေရေးကအစအားလုံး မိုးယိုတယ်ဆိုတာမှာလည်း အိမ်ခေါင်မှာ တက်လို့ဖာလို့ မနိုင် တော့ဘူး” ရခိုင်ပြည် တကျော့ပြန်စစ်ပွဲဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီဟာ အဲ့ဒီကာလကတည်းက ရခိုင်ပြည်နယ်ကို ပြည်မနဲ့ဆက်စပ်နေတဲ့ ကုန်းလမ်း၊ရေလမ်း ပိတ်ပင်လိုက်တဲ့အတွက် ရခိုင်ပြည်ကို ကုန်စည်စီးဆင်းမှုလျော့နည်းသွားပြီး ကုန်စည်ရှားပါးမှုနဲ့ ကုန်စျေးနှုန်းဟာလည်း တစ်ဟုန်ထိုးမြင့်တက်သွားပါတယ်။ လက်ရှိမှာတော့ ကုန်သည်တွေဟာ ရတဲ့နည်းလမ်းတွေနဲ့ ရခိုင်ပြည်နယ်ကို ကုန်ပစ္စည်းတင်သွင်းနေလို့ ကုန်စည် မရှားပါးပေမယ့် ကုန်စျေးနှုန်းကတော့ အတိုင်းထက်အလွန်မြင့်တက်နေတုန်းပါ။သာမာန်စစ်ဘေးရှောင်မဟုတ် တဲ့ သူတွေတောင် စစ်ပွဲကာလမှာ ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေ ရချိန်မှာ အလုပ်အကိုင်မရှိတဲ့ စစ်ဘေးရှောင်တွေအဖို့တော့ စားဝတ်နေရေးအလွန်အခက်အခဲဖြစ်နေပါတယ်။ ထွန်းအောင်/ Myanmar Now

Comments