Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб အိန္ဒိယ-ပါကစ္စတန် လေကြောင်းတိုက်ခိုက်မှုအတွင်းမှ ရုပ်သံဖိုင်အမှားများ в хорошем качестве

အိန္ဒိယ-ပါကစ္စတန် လေကြောင်းတိုက်ခိုက်မှုအတွင်းမှ ရုပ်သံဖိုင်အမှားများ 1 месяц назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



အိန္ဒိယ-ပါကစ္စတန် လေကြောင်းတိုက်ခိုက်မှုအတွင်းမှ ရုပ်သံဖိုင်အမှားများ

Zee Tee မဇ္ဈိမ။ ။ ပါကစ္စတန်နိုင်ငံအတွင်း အိန္ဒိယနိုင်ငံက စစ်လေယာဉ် ဝင်ရောက်တိုက်ခိုက်တဲ့ ရုပ်သံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ “K Thu Ta” ဆိုတဲ့ အကောင့်ကနေ မေ ၇ရက်နေ့မှာ “ ပါကစ္စတန်နိုင်ငံအတွင်း အိန္ဒိယစစ်လေယာဉ်များ ဝင် ရောက်တိုက်ခိုက်အိန္ဒိယတိုက်လေယာဉ်တစ်စင်းကို ပါကစ္စတန်ပစ်ချ” (မူရင်းအရေးအသားအတိုင်း) လို့ ရေးသားထားတဲ့ စာသားနဲ့အတူ ရုပ်သံဖိုင်တခုကို ဖြန့်ဝေထားပါတယ်။ ရုပ်သံဖိုင်ထဲမှာ လေယာဉ်တွေကို ပစ်ချနေတာပါဝင်ပြီး ကြိုက်နှစ်သက်သူ ၂၇၀ နဲ့ ကြည့်ရှုသူ ၄၅,၀၀၀ နီးပါးရှိနေပြီဖြစ်ပါတယ်။ ဒီရုပ်သံဖိုင်ထဲမှာ တိုက်လေယာဉ်တွေ အချင်းချင်းပစ်ခတ်တာ မြေပြင်ကနေ တိုက်လေယာဉ်ကို ပစ်ခတ်တာတွေ ပါဝင်ပါတယ်။ လေယာဉ်တွေ ပစ်ခတ်တဲ့နေရာမှာ မီးရောင်တွေ ဖြာထွက်တာတွေ၊ မီးခိုးထွက်တာတွေနဲ့ မြေပြင်က အပင်တွေနဲ့ မြက်ခင်းပြင်တွေဟာ ပြင်ပက ပုံစံနဲ့ မတူညီဘဲ ဂိမ်းထဲက ဖန်တီးထားတဲ့ ရုပ်ကဒ်တွေနဲ့ တူနေတာပါ။ ဒါ့အပြင် ဒီရုပ်သံဖိုင်ဟာ ‘coffin gaming’ အမည်နဲ့ ဂိမ်းရုပ်သံဖိုင်တွေကို ဖြန့်ဝေလေ့ရှိတဲ့ ဖေ့စ်ဘုတ်ပေ့ချ်တခုကနေ ဧပြီ ၁၉ ရက်နေ့မှာ ဖြန့်ဝေခဲ့တဲ့ ရုပ်သံဖိုင်နဲ့ တူညီနေပါတယ်။ လင့် - https://shorturl.at/hJM5c အိန္ဒိယကနေ ပါကစ္စတန်ကို လေကြောင်းတိုက်ခိုက်မှု စတင်ခဲ့တာဟာ မေလ ၇ ရက်နေ့ပဲဖြစ်ပါတယ်။ ဒီအချိန်မတိုင်ခင်ကတည်းက ပျံ့နှံ့ခဲ့တဲ့ ရုပ်သံဖိုင်ပါ။ ဒါ့အပြင် ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်ဟာ မြန်မာက ဖေ့စ်ဘုတ်အသုံးပြုသူတွေအပြင် နိုင်ငံတကာက ဆိုရှယ်မီဒီယာသုံးတဲ့သူတွေထဲမှာလည်း ပျံ့နှံ့နေခဲ့ပြီး ဒီအကြောင်းကို the quint ဝက်ဘ်ဆိုဒ်ကနေလဲ အချက်အလက်စစ်ဆေးထားပါတယ်။ လင့် - https://shorturl.at/s3RI2 နောက်ထပ် ပျံ့နှံ့မှု တခုကိုတော့ တစ်တော့မှာ တွေ့ရပါတယ်။ Òပါကစ်စတန် က အိန္ဒိယရဲ့ရာဖေး ၃စင်း Mig 29 ၁စင်း Su 30 mki တို့ကို ပစ် ချခဲ့ တရုတ်နဲ့ အနောက်အုပ်စုတို့ မွှေးတဲ့ မီး ကတော့ စပါပြီ အဓိက တော့ လက်နက်ဈေးကွက် အတွက် အစပျိုး တာပါပဲÓ လို့ရေးသားထားပြီး မေလ ၇ ရက်နေ့မှာ ရုပ်သံဖိုင်တခုကို ဖြန့်ဝေထားတာပါ။ ရုပ်သံဖိုင်ထဲမှာ တိုက်လေယာဉ်တစီးကို လက်နက်ကြီးနဲ့ပစ်တာ အချိန်အဆ တွက်ချက်မှုတွေ ပါဝင်ပါတယ်။ ဒီရုပ်သံဖိုင်ရဲ့ မူရင်းကို ရှာဖွေရာမှာတော့ အလားတူပဲ စစ်ဆင်ရေးမစတင်ခင် ဧပြီ ၂၁ ရက်နေ့ကတည်းက ‘Yolandi’ အမည်နဲ့ တစ်တော့အကောင့်ကနေ ဖြန့်ဝေထားတာပါ။ သူ့ဖော်ပြမှုမှာ ‘#dcs’ ဆိုတာလည်းပါဝင်ပါတယ်။ ဒါဟာ စစ်ပွဲတွေတိုက်ရတဲ့ ဒီဂျစ်တယ် ဂိမ်းတခုပဲ ဖြစ်ပါတယ်။ လင့် - https://shorturl.at/llbE9 အိန္ဒိယက ပါကစ္စတန်ကို လေကြောင်းတိုက်ခိုက်မှု စတင်ခဲ့ပြီး ဒီတိုက်ခိုက်မှုတွေထဲမှာ အိန္ဒိယရဲ့ တိုက်လေယာဉ်တွေကို ပါကစ္စတန်ဘက်က ပစ်ချနိုင်ခဲ့တာတွေလည်း ရှိနေပါတယ်။ ဒီလို အချက်အလက် အမှန်တွေအပေါ် အခြေခံပြီး ဂိမ်းဖိုင်တွေကို ဖြန့်ဝေနေတာပါ။ #Misinformation_Buster #Fake_News #Weekly_Package #Mizzima_Media #မဇ္ဈိမမီဒီယာ #operation_sindoor #Pakistan #India ----------------------------------------- လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm Subscribe Mizzima TV :    / @mizzimanewstv   One link to follow all Mizzima platforms: https://mizzima.carrd.co

Comments