Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб ဒေါ်လာသန်း၃၀၀ကျော်ပေးဆောင်ဖို့ထိုင်းဝန်ကြီးချုပ်ဟောင်းယင်လက်ခ်ကိုတရားရုံး အမိန့်ချ | People's Spring в хорошем качестве

ဒေါ်လာသန်း၃၀၀ကျော်ပေးဆောင်ဖို့ထိုင်းဝန်ကြီးချုပ်ဟောင်းယင်လက်ခ်ကိုတရားရုံး အမိန့်ချ | People's Spring 4 дня назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



ဒေါ်လာသန်း၃၀၀ကျော်ပေးဆောင်ဖို့ထိုင်းဝန်ကြီးချုပ်ဟောင်းယင်လက်ခ်ကိုတရားရုံး အမိန့်ချ | People's Spring

ဒေါ်လာ သန်း ၃၀၀ ကျော်ပေးဆောင်ဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက်ခ်ကို တရားရုံး အမိန့်ချ မေ - ၂၃ ၊၂၀၂၅/People's Spring အစိုးရ ဘဏ္ဍာငွေတွေကို နစ်နာ ဆုံးရှုံးစေခဲ့တဲ့အတွက် ဒေါ်လာ သန်း ၃၀၀ ကျော် ပြန်လျော်ဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက်ခ် ရှီနာဝတ်ထ်ကို ထိုင်းတရားရုံး တစ်ခုက မျက်ကွယ်မှာ အမိန့်ချမှတ်ခဲ့ပါတယ်။ ယင်လက်ခ်ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ရဲ့ ညီမဖြစ်ပြီး လက်ရှိ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ရဲ့ အဒေါ်ပါ။ သူဟာ ထိုင်းဝန်ကြီးချုပ်အဖြစ် ၂၀၁၁ ကနေ ၂၀၁၄ ထိ တာဝန်ယူခဲ့ပြီးတဲ့နောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး ဆုံးဖြတ်ချက် တစ်ခုအရ ရာထူးက ဖယ်ရှားခံရပြီး သိပ်မကြာခင်မှာပဲ စစ်တပ်က အာဏာသိမ်းတာနဲ့ ကြုံခဲ့ရပါတယ်။ ယင်လက်ခ်ဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်က သူ့ကို ထောက်ခံတဲ့ ကျေးလက်နေ တောင်သူလယ်သမား လူတန်းစားကို မက်လုံးပေး စည်းရုံး သိမ်းသွင်းဖို့အတွက် ဆန်စပါးတွေကို ပေါက်စျေးထက်ပိုပေးပြီး အစိုးရ ဘဏ္ဍာငွေတွေ အသုံးပြု ဝယ်ယူခဲ့ကြောင်း စွပ်စွဲ ခံခဲ့ရပါတယ်။ အဲဒီအတွက် အစိုးရ ဘဏ္ဍာငွေတွေ ပြုန်းတီး နစ်နာခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက ထောက်ပြပြီး တရားစွဲဆိုခဲ့ပါတယ်။ တရားရုံးတစ်ခုက ယင်လက်ခ်ဟာ အဲဒီစွပ်စွဲချက်အတွက် အပြစ်ရှိတယ်လို့ ၂၀၂၁ ခုနှစ်တုန်းက စီရင်ချက် ချမှတ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဗဟို တရားရုံးချုပ်က စီရင်ချက်ကို ပယ်ဖျက်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ယင်လက်ခ်ရဲ့ အစိုးရ လက်ထက်မှာ ပြည်ပနိုင်ငံတွေဆီ စပါးတင်ပို့ ရောင်းချတဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ဆိုးဆိုးရွားရွား ပေါ့ဆမှုတွေ ရှိခဲ့ကြောင်း မေလ ၂၂ ရက်နေ့မှာ တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။ အစိုးရ အေဂျင်စီတွေထဲမှာ အဂတိ လိုက်စားမှု ပြဿနာတွေ ရှိနိုင်ကြောင်း သတိပေးမှုတွေကိုလည်း ယင်လက်ခ်က အရေးယူ တုံ့ပြန်ဖို့ ပျက်ကွက်ခဲ့ကြောင်း အဲဒီ ဆုံးဖြတ်ချက်ထဲမှာ ဖော်ပြထားပါတယ်။ အကျိုးဆက် အနေနဲ့ ထိုင်းအစိုးရဟာ ဘတ်ငွေ ၂၀ ဘီလီယံကျော်လောက် နစ်နာမှုတွေ ကြုံတွေ့ခဲ့ပြီး ယင်လက်ခ်ဟာ အဲဒီထဲက ထက်ဝက်ဖြစ်တဲ့ ဘတ် ၁၀ ဘီလီယံကျော်ကို ပေးချေရမယ်လို့ တရားရုံးချုပ်က ညွှန်ကြားခဲ့ပါတယ်။ ဘတ်ငွေ ၁၀ ဘီလီယံဟာ ဒေါ်လာ သန်းပေါင်း ၃၀၀ ကျော်လောက်နဲ့ ညီမျှတဲ့ ပမာဏပါ။ ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၀၁၆ ခုနှစ်မှာ ယင်လက်ခ်ဆီက နစ်နာကြေး ဘတ် ၃၅.၇ ဘီလီယံ တောင်းဆိုထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ ယင်လက်ခ်ဟာ ကိုယ်တိုင် အဂတိမှုတွေ ကျူးလွန်ခဲ့ကြောင်း တိုက်ရိုက်ကျကျ သက်သေမပြနိုင်ဘူးလို့ ဆုံးဖြတ်ပြီး ပယ်ဖျက်ပေးခဲ့ပါတယ်။ ဆန်စပါး ဝယ်ယူရေး မူဝါဒဟာ ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲမှာ ယင်လက်ခ် အနိုင်ရစေဖို့ အဓိက တွန်းအားပေးခဲ့တဲ့ မဲဆွယ်ကတိ ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ သူ့ရဲ့ နိုင်ငံရေးသမား ဘဝကို အရှုပ်အထွေးတွေ အများဆုံး ကြုံတွေ့စေတဲ့ ပြဿနာ တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ အဲဒီ အစီအစဉ်အရ အစိုးရဟာ ထိုင်းလယ်သမားတွေဆီက ဆန်ကို နိုင်ငံတကာ ပေါက်စျေးတွေထက် ၅၀ ရာခိုင်နှုန်းလောက် စျေးပိုပေးပြီး ဝယ်ယူခဲ့ပါတယ်။ အဲဒီ ဆန်တွေကို သိုလှောင်ပြီး ဆန်စျေးတက်လာချိန်မှ ပြည်ပစျေးကွက်မှာ စျေးတင်ပြီး ရောင်းဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့လည်း တခြား ဆန်ထုတ်လုပ်တဲ့ နိုင်ငံတွေက စျေးနှုန်းလျှော့ချ ယှဉ်ပြိုင်မှုတွေ လုပ်ဆောင်လာတဲ့အခါ ထိုင်းအစိုးရအတွက် နစ်နာမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ ပြည်ပမှာ လတ်တလော တိမ်းရှောင်နေတဲ့ ယင်လက်ခ်က တရားရုံး စီရင်ချက် ထွက်ပေါ်လာပြီးတဲ့နောက် သူဟာ အစိုးရကို ထိခိုက်နစ်နာမှုတွေ ဖြစ်စေခဲ့တယ် ဆိုတာကို ငြင်းဆိုပြီး သူမလုပ်တဲ့ ကိစ္စအတွက် အကြွေးဆပ်ခိုင်းသလို ဖြစ်နေကြောင်း Facebookပေါ်မှာ ရေးသားထားခဲ့ပါတယ်။ သူ့ရဲ့ ရှေ့နေတွေကလည်း နောက်တစ်ကြိမ် ပြန်လည် ကြားနာစစ်ဆေးရေး ကိစ္စကို တောင်းဆိုသွားဖို့ စီစဉ်နေကြောင်း ပြောပါတယ်။ ယင်လက်ခ်ဟာ အစ်ကိုနဲ့အတူ ပြည်ပမှာ နှစ်ရှည်လများ တိမ်းရှောင်နေခဲ့ပြီး အခုအခါ သက်ဆင်က ထိုင်းကို ပြန်ရောက်နေပြီ ဖြစ်ပါတယ်။ ကိုးကား: AP #ludunwayoo #လူထုနွေဦး #NewsUpdate 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 𝗬𝗼𝘂𝗧𝘂𝗯𝗲 -    / @peoplespring   𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 -   / ludunwayoo   𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/ 𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 -   / ludunwayoo   𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

Comments