Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб မြန်မာအရေး အာဆီယံထိပ်သီးဆွေးနွေးပွဲလုပ်မယ့် ဂျကာတာမှာ လုံခြုံရေးတင်းကျပ် - BBC News မြန်မာ в хорошем качестве

မြန်မာအရေး အာဆီယံထိပ်သီးဆွေးနွေးပွဲလုပ်မယ့် ဂျကာတာမှာ လုံခြုံရေးတင်းကျပ် - BBC News မြန်မာ 4 года назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



မြန်မာအရေး အာဆီယံထိပ်သီးဆွေးနွေးပွဲလုပ်မယ့် ဂျကာတာမှာ လုံခြုံရေးတင်းကျပ် - BBC News မြန်မာ

မြန်မာအရေး တံခါးပိတ်ဆွေးနွေးပွဲ တက်ဖို့ ဂျကာတာကို အာဆီယံ ခေါင်းဆောင်တွေ ရောက်လာနေပြီ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ အင်ဒို စံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ အစည်းအ၀ေးစမယ် -အင်ဒိုရဲ့ ဆူကာနို-ဟာတာ နိုင်ငံတကာလေဆိပ်နဲ့ အစည်းအ၀ေးကျင်းပမယ့်ရုံး၀န်းကျင် လက်နက်ကိုင် အစောင့်အကြပ်တွေ ချထား မြန်မာပြည်သူတွေအတွက် ကောင်းမွန်တဲ့ ရှေ့ဆက်ရမယ့် အဆင့်တွေ သဘောတူညီမှုရဖို့ မျှော်လင့်ထားတယ်လို့ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆော် ဆော်ဩခဲ့သူ အင်ဒို နိုင်ငံခြားရေး ၀န်ကြီးပြော ထိုင်း၊ ဖိလစ်ပိုင်၊ လာအို အစိုးရခေါင်းဆောင်တွေ မတက်ရောက် မြန်မာအရေး အာဆီယံကြား၀င်တာကို ထောက်ခံကြောင်း တရုတ်ကလည်းပြော ပြင်ပစွက်ဖက်မှုတွေ လက်မခံဖို့ အရေးကြီးတယ်လို့ တရုတ်နိုင်ငံခြားရေး၀န်ကြီး ၀မ်ယီပြော -ဂျကာတာမှာ မြန်မာပြည် ပြည်၀င်ခွင့် မရတဲ့ ကုလအထူးသံ မစ္စရှရနာဘာဂနာလည်းရောက်နေ၊ ဆွေးနွေးပွဲပြင်ပ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံစကားပြော စစ်အာဏာသိမ်းမှု၊ သတ်ဖြတ်မှုတွေကို ပေါ်ပေါ်ထင်ထင် ကန့်ကွက်ထားတဲ့ စင်္ကာပူ၀န်ကြီးချုပ် လီရှန်လွန်း ဆွေးနွေးပွဲတက်ပြီး စကားပြောမယ်လို့ သူ့ရဲ့ နိုင်ငံခြားရေး၀န်ကြီးက အတည်ပြု လူသတ်တာတွေရပ်၊ ဖမ်းထားတဲ့လူတွေပြန်လွှတ်၊ အာဏာသိမ်းတာကို စွန့်လွှတ်မှ ဆွေးနွေးဖက်အနေနဲ့ ဆက်ဆံသင့်တယ်ဆိုပြီး NUG ထပ်လောင်းတောင်းဆို နိုင်ငံတကာရာဇ၀တ်မှုတွေ ကျုးလွန်ထားကြောင်း စွပ်စွဲမှုတွေ ရှိနှင့်နေတဲ့ မြန်မာ စစ်ခေါင်းဆောင်ကို တခါတည်းဖမ်းပါလို့ NUG အပြင်၊ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေ တောင်းဆိုနေ အာဆီယံ ကြား၀င်ပေးတဲ့ လမ်းကြောင်းကို ကုလ လုံခြုံရေးကောင်စီက သဘောတူတာမှန်တယ်၊ အာဆီယံ သွားတဲ့နည်းနဲ့ အဖြေ ချက်ခြင်းထွက်မှာတော့ မဟုတ်ဘူး၊ ဒါပေမယ့် ရေရှည် တည့်တံ့နိုင်တဲ့ ဖြေရှင်းနည်းတွေ ရနိုင်တယ်လို့ ၀ါရင့် သတင်းစာဆရာ၊ အာရှနဲ့ အာဆီယံရေး ကျွမ်းကျင်သူက ကာဝီချုံကစ်တာဝုန်ရဲ့ သုံးသပ်ချက် ဒီ အစည်းအ၀ေးဟာ ဒီမိုကရက်အင်အားစုတွေ စိုးရိမ်နေသလို စစ်ကောင်စီကို တရား၀င် အသိအမှတ်ပြုပေးတဲ့ပွဲ ဖြစ်သွားမှာလား။ အာဆီယံလမ်းကြောင်းမှာ NUG ပါ၀င်နိုင်ဖို့ အလားအလာ ဘယ်လိုရှိလဲ။ အခု အစည်းအ၀ေးကျင်းပမယ့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှာ နှစ်များစွာ အလုပ်လုပ်ခဲ့ပြီး၊ စင်္ကာပူ အခြေစိုက် အရှေ့တောင်အာရှရေးရာ သုတေသီ ဒေါ်မိုးသူဇာနဲ့ ဘီဘီစီအကြီးတန်း သတင်းထောက် သီးသန့်မေးမြန်းခန်း ..... စတဲ့ မြန်မာပြည် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဂျကာတာ ထိပ်သီးဆွေးနွေးပွဲ အကြောင်း အထူးတင်ဆက်ထားတဲ့ ဘီဘီစီမြန်မာပိုင်း မနက်ခင်း သတင်းကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-456... ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-456... ယူကျု -    / thebbcburmese   အင်စတာဂရမ် -   / bbcburmese   ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #စစ်အာဏာသိမ်း #ဒေါ်အောင်ဆန်းစုကြည် #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်#ယူကေ #CDM #မြန်မာစစ်တပ် #တာမွေ #CRPH #UN #ဦးကျော်မိုးထွန်း

Comments