Из-за периодической блокировки нашего сайта РКН сервисами, просим воспользоваться резервным адресом:
Загрузить через dTub.ru Загрузить через ClipSaver.ruУ нас вы можете посмотреть бесплатно ရေဘေးသင့်ပြည်သူ သိန်းချီရှိလာနိုင်တဲ့ ပဲခူး ရေကြီးမှု или скачать в максимальном доступном качестве, которое было загружено на ютуб. Для скачивания выберите вариант из формы ниже:
Роботам не доступно скачивание файлов. Если вы считаете что это ошибочное сообщение - попробуйте зайти на сайт через браузер google chrome или mozilla firefox. Если сообщение не исчезает - напишите о проблеме в обратную связь. Спасибо.
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса savevideohd.ru
@MyanmarCele9 ရေဘေးသင့်ပြည်သူ သိန်းချီရှိလာနိုင်တဲ့ ပဲခူး ရေကြီးမှု ပဲခူးတိုင်းအနောက်ပိုင်းအပြင် အရှေ့ပိုင်းကမြို့နယ်တွေမှာပါ ရေကြီးနစ်မြုပ်မှုတွေရှိလာတာကြောင်း ပဲခူးတိုင်းတတိုင်းလုံးက မြို့နယ်အများစုမှာ ရေကြီးနစ်မြုပ်မှုတွေဖြစ်ပွားပြီး ရေဘေးသင့်ပြည်သူတွေလည်း သိန်းချီရှိကာ အစားအသောက်နဲ့အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ ပဲခူးတိုင်းအရှေ့ခြမ်းက ရွှေကျင်၊ပဲခူးမြို့၊မုန်း၊မဒေါက်မြို့နယ်အပါအဝင် မြို့နယ်အချို့က ကျေးရွာတွေ၊ အနိမ့်ပိုင်းရပ်ကွက်တွေမှာရေတွေဝင်ရောက်ပြီး အချို့ရွာတွေမှာ နေအိမ်တွေနစ်မြုပ်တဲ့အထိဖြစ်ပွားနေတဲ့ အပြင် ပဲခူး-ရန်ကုန် ကားလမ်းပေါ်လည်း ရေတွေစတင်ကျော်နေပြီဖြစ်တယ်လို့သိရပါတယ်။ " ပဲခူး ရန်ကုန်ကားလမ်းရေကျော်နေပြီ။ကားတွေတော့သွားလို့ရနေသေးတယ်။ရပ်ကွက်တွေထဲလည်းရေဝင်နေပြီ။မနှစ်ကလိုရေတက်မကြမ်းဖို့တော့ဆုတောင်းပါတယ်။မနှစ်ကရေကြီးတာတော့ခုချိန်မဟုတ်ဘူး။အခုတော့ပဲခူးကစိုးရိမ်ရေမှတ်ထက်ကျော်နေပြီ။မဒေါက်ဘက်ကတော့ ပိုအတက်ကြမ်းနေတယ်။ " လို့ပဲခူးမြို့ခံကပြောပါတယ်။ မဒေါက်မြို့နယ်မှာ စစ်တောင်းမြစ်ရေက မြို့ရဲ့စိုးရိမ်ရေမှတ်ထက် ၆ ပေခန့်ကျော်နေပြီး နောက်ထပ်လည်း ၁ ပေလောက်မြင့်တက်လာအုံးမယ်လို့ မိုး/ဇလကအသိပေးထားပါတယ်။ ရွှေကျင်မြို့မှာလည်း ရွှေကျင်မြစ်ရေက မြို့ရဲ့စိုးရိမ်ရေမှတ်ထက် ၄ ပေခွဲကျော်လွန်နေတဲ့အပြင် ထပ်ပြီးလည်း ၂ ပေလောက်မြင့်တက်လာအုံးမယ်လို့ဆိုပါတယ်။ ပဲခူးမြို့နယ်မှာလည်း ပဲခူးမြစ်ရေကမြို့ရဲ့စိုးရိမ်ရေမှတ်ထက် ၂ ပေကျော်လွန်နေပြီးနောက်ထပ် ၂ ပေ မြင့်တက်လာနိုင်တယ်လို့ဆိုပါတယ်။ " အရင်နှစ်ကမိုးက အောက်တိုဘာလထဲမှာ ရက်တိုတိုနဲ့ များများရွာချတော့ မိုးရေချိန်များတယ်။မိုးရေချိန်များတော့ ဆည်တွေမှာရေတိုးခဲ့တယ်။ခုနှစ်ကမိုးကြောင့် ရေကြီးတာထက် မနှစ်ကဆည်တွေရေပမာဏများခဲ့တော့မိုးနည်းနည်းရွာတာနဲ့ ရေပိုကြီးတဲ့သဘောပေါ့၊မိုးလယ်ကလကတော့တလကျန်သေးတယ်။မုတ်သုံကာလဆိုတော့ ရွာတဲ့ပမာဏများတယ်။ဩဂုတ်ကတော့ သဘောတရားအရတော့ နည်းနည်းတော့လျော့မယ်၊ဒါပေမယ့်အခြေအနေတော့စောင့်ကြည့်ရမှာပေါ့။ " ပဲခူးတိုင်းအနောက်ခြမ်းက သာယာဝတီ၊မင်းလှ၊နတ်တလင်း၊အုတ်ဖို၊မိုးညို၊သုံးဆယ်၊ကြိုပင်ကောက်၊လက်ပံတန်း၊ရွှေတောင်၊ ပန်းတောင်း စတဲ့မြို့နယ်တွေမှာတော့ မိုးရွာသွန်းမှုကြောင့်ရော မြစ်ရေတိုးတာကြောင့် ရေကြီးနစ်မြုပ်မှုက ဇူလိုင်၁၃ ရက်လောက်ကစပြီး လက်ရှိအထိလည မြစ် ရေတွေထပ်တိုးပြီး မြေပြိုတာ၊တံတားပျက်စီးတာတွေရှိလာကာ အကူအညီတွေအများကြီးလိုအပ်နေဆဲလို့ သိရပါတယ်။ " ခုထိကိုဂေကမကျတဲ့အပြင်ထပ်တိုးပြီး တံတားတွေပါ ရေကြီးပြီးပျက်စီးကုန်တော့ရွာဘက်တွေကအကူအညီတွေ ခက်ခဲလာတယ်။အကူအညီတွေလိုအပ်နေတယ်။သွားလာကေခက်ခဲသွားတယ်။ရေနစ်နေတော့ဘာအလုပ်မှမလုပ်နိုင်ကြသလို ချက်ပြုတ်စားသောက်ဖို့လည်းမပြေတော့ အသင့်စားထမင်းဗူးကသာအဆင်ပြေတာ။ဒါပေမယ့်လည်းရွာဘက်ဆိုတော့နေ့တိုင်းလှူဖို့ကသွားရတာမပြေဘူး။ဆန်လှူရတာရှိတာပေါ့။" လို် သာယာဝတီဒေသခံကပြောပါတယ်။ လက်ရှိမှာ ပဲခူးအနောက်ခြမ်းရေကြီးနစ်မြုပ်မှုကြောင့် ရန်ကုန် - ပြည်ကားလမ်းမှာလည်း ရေတွေကျော်နေတဲ့အတွက် ကားတွေကို ဖြေးဖြေးချင်းသွားလာခွင့်ပြုထားပါတယ်။ ပဲခူး အရှေ့ခြမ်းနဲ့အနောက်ပိုင်းကမြို့နယ် တွေမှာရေကြီးနစ်မြုပ်မှုကြောင့် ရေဝင်ဒေသတွေက စာသင်ကျောင်းတွေ၊ဆေးပေးခန်းတွေ ယာယီပိတ်ထားရသလို စပါးစိုက်ခင်းအပါအဝင် မြေပဲ၊နှမ်းနဲ့သီးနှံစိုက်ခင်းသိန်းချီပြီလည်းရေနစ်မြုပ်မှုဖြစ်ပွားနေပါတယ်။ ပဲခူးတိုင်းအရှေ့ခြမ်းက ပဲခူးမြို့မှာ မနှစ်ကအောက်တိုဘာလတုန်းကလည်း မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းခဲ့လို့ နှစ်ပေါင်း ၆၀ အတွင်း အဆိုးဝါးဆုံးသော ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံစားခဲ့ရပြီး ဓာတ်မြေဩဇာ ဆိုင်၊ဆန်ဆိုင်အပါအဝင် ကုန်ပစ္စည်းတွေ ပျက်စီး ဆုံးရှုံးမှုအများအပြားရှိခဲ့သလို စပါးစိုက်ခင်းအများအပြားလည်းရေကြီးနစ်မြုပ် ပျက်စီးခဲ့ရပါတယ်။ #ပဲခူး #ရေကြီး #bago #မြန်မာ #burmese #myanmar #myanmarcele9 / @myanmarcele9