Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб မြန်မာ့လူဦးရေ သန်း ၂၀ ဟာ ငလျင်မတိုင်ခင်ကတည်းက ဆင်းရဲဒုက္ခရောက်နေ၊ в хорошем качестве

မြန်မာ့လူဦးရေ သန်း ၂၀ ဟာ ငလျင်မတိုင်ခင်ကတည်းက ဆင်းရဲဒုက္ခရောက်နေ၊ 1 месяц назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



မြန်မာ့လူဦးရေ သန်း ၂၀ ဟာ ငလျင်မတိုင်ခင်ကတည်းက ဆင်းရဲဒုက္ခရောက်နေ၊

ပဋိပက္ခတွေ အဆုံးသတ်ပြီး နိုင်ငံရေးအရ ဖြေရှင်းဖို့ ကုလ အတွင်းရေးမှူးချုပ် တိုက်တွန်း၊ ပီတာ/MFP၊ ဧပြီ - ၄ ယနေ့ မြန်မာနိုင်ငံဟာ အလုံးစုံ ပျက်စီးဆုံးရှုံးမှုနဲ့ မျှော်လင့်ချက်ကင်းမဲ့ဖွယ် ဒုက္ခတွေနဲ့ ပြည့်နက်လို့ နေပါတယ်။ သေဆုံးသူ ဦးရေဟာလည်း ၃၀၀၀ ကျော်အထိ ရှိလာပြီး မြင့်တက်နေဆဲ ဖြစ်ပါတယ်။ ထောင်နဲ့ချီတဲ့ ဒဏ်ရာရသူတွေ အပျက်အစီးတွေအောက် ပိတ်မိသူတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဒီဘေးဒုက္ခဟာ နိုင်ငံတဝှမ်း လူထုခံစားနေရတဲ့ ပိုမိုနက်ရှိုင်းတဲ့ ဒုက္ခအခြေအနေတွေကို ထင်ဟပ် စေပါတယ်။ ငလျင်မတိုင်မီကတည်းက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကြပ်အတည်းတွေကြောင့် လူထုဟာ ဒုက္ခရောက်နေခဲ့ကြပြီး ဒီအခြေအနေဟာ ဒေသတွင်း နိုင်ငံတွေအထိ သက်ရောက်ခဲ့တာကြောင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို လမ်းပွင့်စေခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ သန်း ၂၀ ဒါမှမဟုတ် သုံးယောက်မှာ တစ်ယောက်ဟာ ငလျင်မတိုင်ခင် ကတည်းက လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေခဲ့ပါတယ်။ မြန်မာနိုင်ငံအနှံ့က လူထုတရပ်လုံး ဝမ်းနည်းပူဆွေးနေတဲ့ ဒီအချိန်ဟာ ရက်စက်တဲ့ ပဋိပက္ခကို အဆုံးသတ်ပြီး နိုင်ငံရေးအရ ဖြေရှင်းမှုအတွက် တသားတည်း စည်းလုံးရမည့် အချိန်လည်း ဖြစ်ပါတယ်။ ဒီဖြေရှင်းမှုမှာ ယခုလအတွင်း ကျွန်တော် ရောက်ရှိလည်ပတ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘာဇာမှာရှိတဲ့ ဒုက္ခသည်တွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ဂုဏ်သိက္ခာနဲ့အညီ အိမ်ပြန်နိုင်ဖို့ ရေရှည်တည်တံ့တဲ့ ပြန်လည် နေရာချထားရေး လမ်းကြောင်းလည်း ပါဝင်ရပါမယ်။ နိုင်ငံတဝှမ်းရှိ အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်ဖို့ ဒီမိုကရေစီ အမြစ်တွယ်ရေး လမ်းကြောင်းလည်း ပါဝင်ရပါမယ်။ ယခုအချိန်ဟာ နှစ်ပေါင်းများစွာ ဒုက္ခတွေ ခံစားနေရတဲ့ မြန်မာပြည်သူတွေအားလုံး တသားတည်း ရပ်တည်ရမယ့် အချိန်အခါလည်း ဖြစ်ပါတယ်။ ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေရဲ့ အခက်အခဲဆုံး အချိန်မှာ ငြိမ်းချမ်းရေးနဲ့ လူ့အသက်တွေ ကယ်တင်ဖို့ အကူအညီ အထောက်အပံ့တွေကို တွန်းအားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အန်တိုနီရို ဂူတာရက်စ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP #အညာ #MFP #နွေဦးတော်လှန်ရေး #စစ်ကိုင်း #မန္တလေး #မကွေး #ငလျင် #Earthquake (Mandalay Free Press – MFP သည် လွတ်လပ်၍ အမှီအခို ကင်းသော သတင်းဌာနဖြစ်ပြီး မန္တလေးနှင့် စစ်ကိုင်းတိုင်း သတင်းများကို အထူးပြုတင်ဆက်လျှက် ရှိပါသည်။) Mandalay Free Press – MFP မှ တင်ဆက်သောသတင်းများကို ဖတ်ရှုနိုင်ရန် အောက်ဖော်ပြပါ Channel များကို Follow (သို့မဟုတ်) Subscribe လုပ်ထားနိုင်ပါသည်။ Facebook:   / mandalayfreepress   YouTube:    / @mandalayfreepressmfp   #MFP #MandalayFreePress #မန္တလေး #တော်လှန်သော #သပိတ် #မိခင်

Comments