Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб ခရိုင်းမီးယား ကမ်းခြေတွေမှာ ရေခူတွေ ထောင်သောင်းချီ အစုအပြုံလိုက် သေဆုံး в хорошем качестве

ခရိုင်းမီးယား ကမ်းခြေတွေမှာ ရေခူတွေ ထောင်သောင်းချီ အစုအပြုံလိုက် သေဆုံး 5 лет назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



ခရိုင်းမီးယား ကမ်းခြေတွေမှာ ရေခူတွေ ထောင်သောင်းချီ အစုအပြုံလိုက် သေဆုံး

နိုဝင်ဘာ - ၂၈၊ ၂၀၁၉ ခရိုင်းမီးယားက ကမ်းခြေတချို့မှာ ရေခူတွေ ထောင်သောင်းချီ အစုအပြုံလိုက် သေဆုံးနေတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ အေဇော့ဗ် ပင်လယ်က အပန်းဖြေ ကမ်းခြေတွေဟာ ရုရှားနဲ့ ယူကရိန်းတို့ကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ခရိုင်းမီးယား ကျွန်းဆွယ် ဒေသရဲ့ ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှု အများဆုံး စာရင်းဝင် ဧရိယာတွေလည်း ဖြစ်ပါတယ်။ အခုတော့ ကမ်းခြေမှာ ရေခူ အသေကောင်တွေ ထောင်သောင်းချီ သေဆုံးနေတာကြောင့် ကမ်းခြေကို လာရောက် လည်ပတ်သူတွေပါ အကြီးအကျယ် ဒုက္ခရောက်နေပါတယ်။ သုတေသီတွေက သေဆုံးတဲ့ ရေခူအများစုဟာ ခရိုင်းမီးယားတဝိုက် ပင်လယ်ပြင်မှာ ကျက်စားတဲ့ မျိုးစိတ်နှစ်ခုမှာ အကျုံးဝင်နေကြောင်း ပြောပါတယ်။ ရေခူတွေဟာ ကမ်းခြေမှာ သောင်တင်ချိန်မှာတင် သေဆုံးသွားတတ်ပေမယ့် သူတို့ရဲ့ အစူးတွေက လူတွေကို ဆက်ပြီး အန္တရာယ် ပေးနေနိုင်ဆဲ ဖြစ်ပါတယ်။ ဆောင်းရာသီ စတင်ဝင်ရောက်လာပြီး ရာသီဥတု အေးမြလာတဲ့အတွက် ကမ်းခြေတွေမှာ လာရောက် လည်ပတ်သူတွေ နည်းနေတဲ့ အချိန် ဖြစ်တာကြောင့် လူနဲ့ ရေခူတွေကြား ထိတွေ့မှု ပြဿနာကတော့ နည်းပါးခဲ့ပါတယ်။ ပညာရှင်တွေက ရေခူတွေ ကမ်းခြေကို အစုလိုက် အပြုံလိုက် ချဉ်းကပ်လာပြီး သောင်တင် သေဆုံးခြင်းဟာ ရာသီဥတုနဲ့ ပတ်ဝန်းကျင် အပြောင်းအလဲ ကိစ္စတွေနဲ့ အများကြီး သက်ဆိုင်နိုင်ကြောင်း ပြောပါတယ်။ အေဇော့ဗ် ပင်လယ်ပြင် ရေမျက်နှာပြင် မြင့်တက်လာခြင်းနဲ့ နွေဦးပေါက်ကာလ စောလာခြင်းတွေက ရေခူတွေရဲ့ ရှင်သန် ကျက်စားမှု သဘာဝအပေါ် ထိခိုက် ပြောင်းလဲမှုတွေ ရှိစေခဲ့တယ်လို့ သုတေသီတွေက ယုံကြည် ယူဆနေကြောင်းလည်း သိရပါတယ်။ Subscribe to our channel at https://bit.ly/2CVSP6d Check out our website: http://www.7daydaily.com/ Connect with us at our social media handles: Facebook:   / 7dayonlinetv   Twitter:   / 7day_tv  

Comments