Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб ပျူစောထီးမင်းငှက်ကြီးကိုဖြိုခွင်းခဲ့သောနေရာ ငှက်ပစ်တောင်ဘုရားသမိုင်းနှင့်ပင်းတယထိရောက်သောဂူပေါက်များ в хорошем качестве

ပျူစောထီးမင်းငှက်ကြီးကိုဖြိုခွင်းခဲ့သောနေရာ ငှက်ပစ်တောင်ဘုရားသမိုင်းနှင့်ပင်းတယထိရောက်သောဂူပေါက်များ 5 месяцев назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



ပျူစောထီးမင်းငှက်ကြီးကိုဖြိုခွင်းခဲ့သောနေရာ ငှက်ပစ်တောင်ဘုရားသမိုင်းနှင့်ပင်းတယထိရောက်သောဂူပေါက်များ

အာလုံးပဲမင်္ဂလာပါရှင် ဒီတစ်ခေါက် သီရိတို့ Myanmar's Shape Media ရဲ့ Happy Travel အစီအစဉ်လေးမှာ တင်ဆက်ပေးမှာကတော့ဒဏ္ဍာရီဆန်သော ဘုရင်တစ်ပါးဖြစ်တဲ့ ပျူစောထီးမင်း ငှက်ကြီးကိုဖြိုခွင်ခဲ့တဲ့နေရာ ငှက်ပစ်တောင်ဘုရားသမိုင်း နဲ့ ဆက်စပ်တဲ့ သမိုင်းအထင်ကနေရာများကိုသွားရောက်လေ့လာခဲ့တာကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်... ပျူစောထီး (သို့) ပျူမင်းထီး သည် မြန်မာပြည်၏ ရှေးဦးပုဂံခေတ်မှ ဒဏ္ဍာရီဆန်သော ဘုရင်တစ်ပါးဖြစ်သည်။ (၁၈)ရာစု နန်းစဉ်မှတ်တမ်းများက ပျူစောထီးသည် နေနတ်သားနှင့် နဂါးမတို့မှ ဆင်းသက်လာသူဖြစ်ကာ ပုဂံကိုတည်ထောင်သူဟူ၍ ဖော်ပြကြသည်။ ဒဏ္ဍာရီဆန်သော ဘုရင်တစ်ပါးဖြစ်တဲ့ ပျူစောထီးမင်းသည် ရှေးအခါက ပုဂံပြည်တွင် စိုးစံနေသော သမုဒ္ဒရာဇ်မင်းလက်ထက်၌ ငှက်ကြီး-ဝက်ကြီး-ကျားကြီးနှင့် ရှုးပျံကြီး (သတ္တဝါကြီးလေးကောင်)တို့သည် တိုင်းပြည်မငြိမ်သက်အောင် နှောင့်ယှက် မင်းမူနေကြသည်။ ထိုရန်သူတို့ကို ဖြိုခွင်းရန်အတွက် ပျူစောထီးမင်းသား ပေါ်ထွက်လာလေသည်။ ထိုရန်သူတို့ကို စွမ်းအားသတ္တိနှင့် ပြည့်စုံသော ပျူစောထီးက ဖြိုဖျက်လိုက်လေသည်။ ပျူစောထီးသည် အလွန်ပင် ခွန်အားဗလ ကောင်းသဖြင့် အသက် ၁၁၀ တိုင်အောင် ထီးနန်းစိုးစံခဲ့ရသည်။ ဤပျူစောထီးမင်းသည် အရပ် ငါးတောင်၊ လုံးပတ် သုံးတောင်မျှ ရှိ၍ အားအင်ကြီးမား သန်စွမ်းလေသည်။ ထိုသို့ ကျန်းမာလေ သဖြင့်လည်း အသက် ၁၁၀ ရှည်လေသည် အလွန်ထူးမြတ်သော ပုဂံမင်းတစ်ပါး ဖြစ်လေသတည်း။ ငှက်ကြီးကို ပစ်သတ်သော နေရာအား ယခုထက်တိုင် "ငှက်ပစ်တောင်" ဟု ခေါ်နေကြသည်။ #ငှက်ပစ်တောင်ဘုရားသမိုင်း #bagan #myanmar #myanmarshapehappytravel #history #travelvlog #travel #ပုဂံ #ပုဂံရှေးဟောင်းယဥ်ကျေးမှုဒေသ #myanmar 's Shape Media #Happy Travel #မြန်မာပြည်တွင်း #ပျူစောထီး #ဘုရင်ပျူစောထီးမင်း

Comments