Из-за периодической блокировки нашего сайта РКН сервисами, просим воспользоваться резервным адресом:
Загрузить через dTub.ru Загрузить через ClipSaver.ruУ нас вы можете посмотреть бесплатно အိန္ဒိယကျောင်းတစ်ခုမှာ မြွေအသေပြုတ်ကျထားတဲ့ ဟင်းကြောင့် ကလေး ၁၀၀ကျော် နာမကျန်းဖြစ် | People's Spring или скачать в максимальном доступном качестве, которое было загружено на ютуб. Для скачивания выберите вариант из формы ниже:
Роботам не доступно скачивание файлов. Если вы считаете что это ошибочное сообщение - попробуйте зайти на сайт через браузер google chrome или mozilla firefox. Если сообщение не исчезает - напишите о проблеме в обратную связь. Спасибо.
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса savevideohd.ru
အိန္ဒိယ ကျောင်းတစ်ခုမှာ မြွေအသေ ပြုတ်ကျထားတဲ့ ဟင်းကြောင့် ကလေး ၁၀၀ ကျော် နာမကျန်းဖြစ် အိန္ဒိယက ကျောင်းတစ်ခု က စီစဉ်ထားတဲ့ ဟင်းထဲမှာ မြွေအသေတစ်ကောင် ရှာတွေ့ခဲ့ပေမယ့် ကလေးတွေကို အဲဒီဟင်းနဲ့ပဲ ကျွေးမွေးခဲ့ရာက ကျောင်းသူကျောင်းသား ၁၀၀ ကျော် နာမကျန်း ဖြစ်ခဲ့ကြောင်း သတင်းတွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးသွားမယ်လို့ အိန္ဒိယ အစိုးရရဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကြေညာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ ဘီဟာ ပြည်နယ်ထဲက မိုကာမာမြို့က စာသင်ကျောင်းမှာ ပုံမှန် ကျွေးမွေးမယ့် အစားအသောက်ထဲက မြွေအသေ တစ်ကောင်ကို စားဖိုမှူးက ရှာတွေ့ခဲ့ပေမယ့် ဖယ်ရှားပြီး ကလေး ၅၀၀ လောက်ကို ပုံမှန် စီစဉ်ထားတဲ့အတိုင်း အဲဒီဟင်းနဲ့ ကျွေးမွေးခဲ့ကြောင်း စွပ်စွဲမှုတွေ ထွက်ပေါ်နေပါတယ်။ သိပ်မကြာခင်မှာပဲ ကလေး ၁၀၀ ကျော်မှာ မူးဝေတာ၊ အော့အန်တာတွေမျိုး လက္ခဏာတွေ ပြသလာခဲ့တယ်လို့ ဆိုပါတယ်။ ဧပြီ ၂၄ ရက်နေ့က ဖြစ်စဉ်မှာ ကလေး ၂ ဒါဇင်ထက်မနည်း ဆေးရုံရောက်ခဲ့ပါတယ်။ ဟင်းအိုးထဲက မြွေအသေ သတင်းကို ကြားသိပြီးတဲ့ နောက်မှာတော့ ဒေသခံတွေဟာ ကျောင်းကို မကျေမနပ် စုဝေး ဆန္ဒပြပြီး အုတ်အော်သောင်းနင်း အခြေအနေတချို့ ဖြစ်ပေါ်ခဲ့ပါတယ်။ မေလ ၂ ရက်နေ့မှာတော့ ဒီကိစ္စကို ကော်မရှင်က တာဝန်ယူ ကိုင်တွယ်မယ်ဆိုတာ ထုတ်ပြန်ပြီး တကယ်သာ စွပ်စွဲချက်တွေ မှန်ကန်ခဲ့မယ်ဆိုရင် ကလေးတွေရဲ့ လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွား ချိုးဖောက်မှု အနေနဲ့ သတ်မှတ်ရမှာ ဖြစ်ကြောင်း ကော်မရှင်က ပြောပါတယ်။ ကော်မရှင်ဟာ မိုကာမာမြို့ စာသင်ကျောင်းမှာ ဘယ်လို အမှားအယွင်းတွေ ရှိခဲ့သလဲ ဆိုတာနဲ့ ပတ်သက်လို့ ၂ ပတ်အတွင်း အစီရင်ခံစာ ထုတ်ပြန်နိုင်ဖို့လည်း ရည်ရွယ်ထားပါတယ်။ အိန္ဒိယမှာတော့ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေကို ကျောင်းတွေမှာ နေ့လယ်စာ အခမဲ့ ကျွေးမွေးတဲ့ အစီအစဉ်ကို ချန်နိုင်းမြို့မှာ ၁၉၂၅ ခုနှစ်က အစပြုခဲ့ပြီး တခြား ဒေသအသီးသီးမှာလည်း လိုက်လံ ကျင့်သုံးလာခဲ့ပါတယ်။ ဒါဟာ ကလေးတွေအတွက် ဆာလောင်မှု ပြဿနာကို ကူညီဖြေရှင်းပေးပြီး ကျောင်းတက်ဖြစ်အောင် ပိုမို လှုံ့ဆော်ဖို့ ရည်ရွယ်ချက်ကောင်းနဲ့ ဖြစ်ပေမယ့် အစားအသောက် ပြင်ဆင်ရာမှာ သန့်ရှင်းမှု အပိုင်းနဲ့ ပတ်သက်လို့ ဝေဖန်တာတွေ အရင်ကတည်းက ရှိခဲ့ဖူးပါတယ်။ ၂၀၂၃ ခုနှစ်တုန်းကလည်း ဘီဟာ ပြည်နယ်ထဲမှာ အစားအသောက် မသန့်ရှင်းရာက ကျောင်းသူကျောင်းသား ကလေးငယ် ၂၃ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီတုန်းက ဓာတ်ခွဲစစ်ဆေးမှု ရလဒ်တွေအရ အရမ်းများပြားတဲ့ ပမာဏမျိုး ပိုးသတ်ဆေးတွေကို အစားအသောက်ထဲမှာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ #ludunwayoo #လူထုနွေဦး #NewsUpdate 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo 𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/ 𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring