Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб သမထဝိပဿနာ ပညာရှင် ဒေါက်တာ မင်းတင်မွန် в хорошем качестве

သမထဝိပဿနာ ပညာရှင် ဒေါက်တာ မင်းတင်မွန် 2 года назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



သမထဝိပဿနာ ပညာရှင် ဒေါက်တာ မင်းတင်မွန်

ရဟန်းတို့ ...ငါဘုရားရှင်သည် ထိုဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား "ဒုက္ခအရိယသစ္စာတရား" ကို (အနုဗောဓဉာဏ်ဖြင့်) လျော်စွာ သိမြင်ပြီ၊ (ပဋိဝေဓဉာဏ်ဖြင့်) ထိုးထွင်း၍ သိမြင်ပြီ ..။ ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခသမုဒယ အရိယသစ္စာတရား' ကို (အနုဗောဓဉာဏ်ဖြင့်)လျော်စွာ သိမြင်ပြီ၊ (ပဋိဝေဓ ဉာဏ်ဖြင့်) ထိုးထွင်း၍ သိမြင်ပြီ..။ ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခနိရောဓအရိယသစ္စာ တရား'ကို (အနုဗောဓဉာဏ်ဖြင့်) လျော်စွာ သိမြင်ပြီ၊ (ပဋိဝေဓဉာဏ်ဖြင့်) ထိုးထွင်း၍ သိမြင်ပြီ..။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်းအကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ ( မဂ္ဂအရိယသစ္စာ)တရား'ကို (အနုဗောဓဉာဏ်ဖြင့်) လျော်စွာ သိမြင်ပြီ၊ (ပဋိဝေဓဉာဏ်ဖြင့်) ထိုးထွင်း၍ သိမြင်ပြီ..။ ဘ၀တို့၌ တပ်မက်ခြင်း '#ဘ၀တဏှာ" ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ ဘ၀သစ်သို့ ဆွဲဆောင်တတ်သော ကြိုးနှင့် တူသော ဘ၀တဏှာသည် ကုန်ဆုံးခဲ့လေပြီ၊ ယခုအခါ တစ်ဖန် ဘ၀သစ်၌ ဖြစ်ခြင်း အလျှင်းမရှိတော့ပြီ" ဟု မိန့်ကြားတော်မူလိုက်၏။ မြတ်စွာဘုရားသည် ဤတရားစကားတော်ကို ဟောကြားတော်မူလိုက်၏၊ ဤတရားစကားတော်ကို ဟောကြား တော်မူပြီးနောက် ဤဂါထာဒေသနာတော်တို့ကို ဆက်လက်ကာ မိန့်ကြားတော်မူပြန်၏ ..။ " အရိယသစ္စာလေးပါးတို့ကို ဟုတ်မှန်သည့်အတိုင်း မသိမမြင်ခြင်းကြောင့် ထိုထိုဘ၀တို့၌ ရှည်လျားစွာသော (သံသရာခရီး) ကာလပတ်လုံး ကျင်လည်ကျက်စား ပြေးသွားခဲ့ရလေပြီ။ ထိုအရိယသစ္စာတို့ကို (ငါဘုရားရှင်သည်) (အနုဗောဓဉာဏ် + ပဋိဝေဓဉာဏ်ဖြင့်) ထိုးထွင်း၍ သိမြင်ပြီးပေပြီ၊ ဘ၀သစ်သို့ ဆွဲဆောင်တတ်သော ကြိုးနှင့်တူသော ဘ၀တဏှာကို ကောင်းစွာ နုတ်ပယ်ပြီးပေပြီ၊ ဆင်းရဲ၏ အရင်းအမြစ် (တဏှာ)ကို အကြွင်းမဲ့ ဖြတ်တောက်ပြီးပေပြီ၊ ယခုအခါ တစ်ဖန် ဘ၀သစ်၌ ဖြစ်ခြင်း အလျှင်းမရှိတော့ပြီ'' ဟု မိန့်ကြားတော်မူ၏။ ဤကောဋိဂါမသုတ္တန်ဒေသနာတော်၌ လာရှိသည့်အတိုင်း သံသရာ၀ဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးရာ နိဗ္ဗာန်သို့ ဆိုက်ရောက်ရေးအတွက် သစ္စာလေးပါးကိုကား အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ကြိုးပမ်းရတော့မည်သာ ဖြစ်၏။ ထိုကဲ့သို့ မကြိုးပမ်းနိုင်ပါကလည်း သံသရာ၀ဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးရာ နိဗ္ဗာန်သို့ မရောက်ရှိနိုင်ကြောင်းကို အထွတ်တပ်သော ပြသာဒ်ဆောင်ပေါက်သော အဆောက်အအုံတစ်ခုကို စံနမူနာထားကာ ကူဋာဂါရသုတ္တန်တွင် ဤသို့ ထပ်မံကာ မိန့်ကြားထားတော်မူပြန်၏ ..။ ~~~~ #သံသရာ၀ဋ်ဆင်းရဲဒုက္ခ၏ #အဆုံးအပိုင်းအခြားသို့ သွားရာလမ်း #ကူဋာဂါရသုတ္တန်* ✔✔✔✔✔✔ ရဟန်းတို့ ...တစ်ယောက်ယောက်သော ပုဂ္ဂိုလ်က .. ၁။ ''ငါသည် ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား' ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ဘဲ၊ ၂။ ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခသမုဒယအရိယသစ္စာတရား' ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ဘဲ၊ ၃။ ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခနိရောဓအရိယသစ္စာတရား'ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ဘဲ၊ ၄။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ ( = မဂ္ဂအရိယ သစ္စာ)တရား' ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ဘဲ၊ သံသရာ၀ဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားဖြစ်သည့် နိဗ္ဗာန်သို့ ရောက်အောင် ငါပြုလုပ်ပေအံ့'' ---- ဟု ပြောဆိုလာငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ထိုကဲ့သို့သော ပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းအရာမျိုးသည် မရှိနိုင်သည်သာတည်း။ ရဟန်းတို့ ... ဥပမာသော်ကား "ငါသည် ပြာသာဒ်ဆောင်ပေါက်သော အိမ်၏ အောက်ပိုင်း အဆောက်အဦကို မဆောက်လုပ်သေးဘဲ အထက်ပိုင်း အဆောက်အဦဖြစ်သည့် ပြာသာဒ်ဆောင်ကို တင်ဆောက်ပေအံ့" ဟု ပြောဆိုလာငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ထိုကဲ့သို့သော ပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းအရာမျိုးသည် မရှိနိုင်သည်သာတည်း။

Comments