Из-за периодической блокировки нашего сайта РКН сервисами, просим воспользоваться резервным адресом:
Загрузить через dTub.ru Загрузить через ClipSaver.ruУ нас вы можете посмотреть бесплатно ဆယ်ဇင်းရွာပျက်သွားစေတဲ့နေ့ သို့မဟုတ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (ဆောင်းပါး) или скачать в максимальном доступном качестве, которое было загружено на ютуб. Для скачивания выберите вариант из формы ниже:
Роботам не доступно скачивание файлов. Если вы считаете что это ошибочное сообщение - попробуйте зайти на сайт через браузер google chrome или mozilla firefox. Если сообщение не исчезает - напишите о проблеме в обратную связь. Спасибо.
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса savevideohd.ru
အဂမ် ၂၀၂၂ ခုနှစ် ဩဂုတ် ၉ ရက်နေ့ညသည် ဆယ်ဇင်းရွာသူရွာသားများအတွက်တော့ မေ့မရနိုင်သည့် ကမ္ဘာပျက်ခဲ့တဲ့ ညတစ်ည။ အလျှံငြီးငြီး တောက်လောင်နေတဲ့ မီးတောက်မီးလျှံတွေကြားထဲမှ ပြေးလွှားအော်ဟစ် ငိုယိုသံများစွာနှင့် သေနတ်သံတွေဆူပွက်သွားခဲ့သည်။ စစ်အာဏာသိမ်းတာကို ဆန့်ကျင်သော CDM လှုပ်ရှားမှုမှာပါဝင်ပြီး ဆယ်ဇင်းရွာမှာ လာရောက်ခိုလှုံနေကြသည့် CDM ဆရာဝန် ဇနီးမောင်နှံရှိသည်။ ထိုနေ့က ကချင်အမျိုးသမီးဆရာဝန်မလေးကို ဗုံးဆန်မှန်ကာ နေရာမှာတင်သေဆုံးသွားခဲ့ရချိန်တွင် ဇနီးသည်အလောင်းကိုထွက်ဆွဲသော ခင်ပွန်းသည်ဆရာဝန်ကို စစ်ကောင်စီတပ်က သေနတ်နှင့်ပစ်ကာဖမ်းဆီးသွားခဲ့သည်။ သေဆုံးသူ၏အလောင်းလည်းပြန်မရ၊ အဖမ်းခံရသူလည်း သတင်းအစပျောက်သွားရာမှ နောက်ပိုင်းတွင် စစ်ဘေးရှောင်စခန်းတစ်ခုအတွင်း အသိစိတ်ကင်းလွတ်နေသော ဆရာဝန်လေးကို တွေ့လိုက်ရသည်ဟု ဆယ်ဇင်ရွာဖြစ်ရပ်အခြေအနေကို ရေးသားခဲ့သော CDM ခွဲစိတ်ပါရဂူကြီး ဒေါက်တာစိုးမင်း၏ ကိုယ်တွေ့မှတ်တမ်းတွင်ဖော်ပြထားသည်။ စစ်ကောင်စီတပ် ရွာကိုစီးနင်းတိုက်ခိုက်မှုတွင် မဲမဲမြင်သမျှပစ်ခတ်မှုပြုခြင်းကြောင့် အလောင်းပြန်ရကာအမည်ဖော်နိင်သော သေဆုံးသူ ခြောက်ဦးရှိပြီး လူ ၃၀ ထက်မနည်းပျောက်ဆုံးနေဆဲဖြစ်သည်။ ဆယ်ဇင်းရွာဆိုသည်က ကချင်ပြည်နယ်၏ တစ်ခုတည်းသော ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့ နယ်အတွင်းမှာပါဝင်ပြီး ဥရုချောင်းဘေးတွင် တည်ရှိသည်။ ဖားကန့်မြို့၏ အနောက် တောင်ဘက် မိုင် ၄၀ ခန့်ဝေးပြီး စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်နှင့် နယ်နမိတ်ချင်း ထိစပ်နေသောနေရာတစ်ခုဖြစ်သည်။ မြန်မာပြည်ကို နှစ်စဉ်ဒေါ်လာ ဘီလီယံနှင့်ချီပြီးဝင်ငွေရှာပေးသော၊ ကျောက်စိမ်းတူးဖော်မှုနှင့် ရွှေတူးဖော်ခြင်းတွေကြောင့် အမြဲလိုလို ရေနောက်ကျိနေတတ်သည့်ဥ ရုချောင်း၏ အရှေ့ဘက်ကမ်းက ရှမ်းရွာကြီး ဖြစ်သည်။ ရွာ၏ တောင်ဘက်မှာတော့ နမ့်ပုတ်ချောင်းရှိနေပြီး၊ အမြဲစိမ်းစိုနေသော တောင်တောင်များက ပတ်လည်ဝန်းရံထားသည်။ ဆယ်ဇင်းရွာအနီးမှာ ရွှေမှော်များရှိနေသည့်အတွက် မြန်မာပြည် အနယ်နယ်အရပ်ရပ်က ရွှေတူးဖော်သူများ လာရောက်လုပ်ကိုင်ကြပြီး၊ ရွာထဲမှာပင် ရွှေပန်တိမ်ဆိုင်ပေါင်းက ၄၀ ခန့်ရှိသည်။ ဆယ်ဇင်းက ရှမ်းရွာမကြီးဖြစ်ပေမယ့် မူရင်းဒေသခံများကတော့ ခေတ်ကာလအခြေအနေအမျိုးမျိုးကြောင့် အနည်ငယ်သာနေထိုင်ကြတော့တာဖြစ်ပြီး၊ အများစုကတော့ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ကနေ ရွှေ့ ပြောင်း အခြေချနေထိုင်လာသူ အညာဇာတိသားများဖြစ်ကြသည်။ ဒီရွာကို ရွာကြီးတစ်ရွာအနေနှင့်သာ သိကြသော်လည်း ဘီယာဆိုင်၊ အနှိပ်ခန်း၊ ဇိမ်ခန်း၊ KTV လုပ်ငန်းများနှင့် စည်ကားနေသည့် တောခေါင်ခေါင်ကြီးထဲက မြို့ကြီးတစ်မြို့ဟု ရောက်ဖူးသူတိုင်းက သတ်မှတ်ဖြစ်တတ်ကြသည်။ ရွှေအရောင်းအဝယ်လုပ်သည့် ဤရွာကိုရွာပျက်ကြီးအဖြစ် ဘယ်နေရာကြည့်ကြည့်မီးလောင်ပြင်ဟောင်းအဖြစ်မြင်ရမည့်၊ ပြောင်းလဲပေးမည့်အကြောင်း တရားများက ၂၀၂၂ ခုနှစ်ရဲ့ ဇွန်လအတွင်း စတင်လာခဲ့သည်။ ----------------------------------------- @MizzimaTV မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U Join this channel to get access to perks: / @mizzimanewstv Follow us: Facebook ( Myanmar Language) https://bit.ly/3BuWBSJ Facebook (English language) https://bit.ly/3d5g1V2 Facebook (Mizzima+TV) https://bit.ly/3eGNjdl Twitter https://bit.ly/3Dbvqh1 Telegram https://bit.ly/3RRn2rk Tiktok https://bit.ly/3xngMzE Get Mizzima TV App Free : https://onelink.to/jnuwak/ Website: https://www.mizzima.com/ https://www.mizzimaburmese.com/ https://www.mizzima.tv/ ......................................... About Us : Mizzima TV is an Online TV content provider that is run by Burmese journalists who are based in neighboring countries of Burma (Myanmar).We strive to produce world-class contents for Burmese as well as those who care about Burma affairs.