Из-за периодической блокировки нашего сайта РКН сервисами, просим воспользоваться резервным адресом:
Загрузить через dTub.ru Загрузить через ycliper.com Загрузить через ClipSaver.ruУ нас вы можете посмотреть бесплатно #သဲအင်းဂူဆရာတော်ဘုရားကြီး или скачать в максимальном доступном качестве, которое было загружено на ютуб. Для скачивания выберите вариант из формы ниже:
Роботам не доступно скачивание файлов. Если вы считаете что это ошибочное сообщение - попробуйте зайти на сайт через браузер google chrome или mozilla firefox. Если сообщение не исчезает - напишите о проблеме в обратную связь. Спасибо.
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса savevideohd.ru
#သဲအင်းဂူဆရာတော်ဘုရားကြီးဟောကြားတော်မူခဲ့သော တရားတော်များ အနှစ်ချုပ် ♦ မြတ်စွာဘုရားသခင်၏ တရားတော်များအရ ဤခန္ဓာကိုယ်ကြီးသည် ပထဝီ ၊ အာပေါ ၊ ဝါယော ၊ တေဇော ဟူသော မြေ ရေ လေ အပူ အအေး ဓာတ်လေးပါးအစုအဝေးသာဖြစ်ပါသည် ။ ဓာတ်လေးပါးအစုအဝေးသည် (ရုပ်) ဖြစ်၍ ၊ ခံစားတတ်ခြင်းသည် (နာမ်) ဖြစ်ပါသည် ။ ရုပ်နာမ်နှစ်ပါးမှလွဲ၍ သူ ၊ ငါမရှိပါ ။ ရုပ်နာမ်နှစ်ပါးသည် အစဉ်သဖြင့် ဖြစ်လိုက် ၊ ပျက်လိုက် ဖေါက်ပြန်ပြောင်းလဲနေပါသည် ။ ဤဖြစ်ပျက် ဖေါက်ပြန်မှုသဘာဝကို အမှန်အတိုင်း (ငါ) စွဲ - မစွဲ ဘဲ သိမြင်ခြင်းသည် ပညာသိဖြစ်သည် ။ ငါနာသည် ။ ငါကျင်သည် ။ ငါလှုပ်သည် ဟု (ငါ) စွဲနေခြင်းသည်ကို သညာသိဟုခေါ်ပါသည် ။ ယင်းကဲ့သို့ (ငါ) စွဲ စွဲနေခြင်းကို ပညာသိနှင့် ဖြုတ်ချရန်အတွက် တရားထိုင်နေခြင်းဖြစ်သဖြင့် ဓာတ်ကြီးလေးပါး၏ လက္ခဏာသဘာဝများကို သိရှိသဘောပေါက်ထားရန်လိုအပ်ပါသည် ။ ♦ ပထဝီ တည်းဟူသော မြေဓာတ် လက္ခဏာသည် ခက်မာခြင်းနှင့် နူးညံ့ခြင်းများ ဖြစ်ပါသည် ။ တရားထိုင်သောအခါ ဖြစ်ပေါ်လာသော နာကျင်ကိုက်ခဲခြင်းတို့သည် ပထဝီဓာတ်ဖေါက်ပြန်ခြင်းဖြစ်သည် ။ ယင်းဓာတ်ဖေါက်ပြန်ခြင်းသည် အခြားဓာတ်သုံးပါးထက်ပို၍ ပြင်းထန်ပါသည် ။ ♦ အာပေါ တည်းဟူသော ရေဓာတ် လက္ခဏာသည် ဖွဲ့စည်းမှုနှင့် ယိုစီးမှု လက္ခဏာများ ဖြစ်ပါသည် ။ ရေနှင့်ရေခဲသဘောမျိုးဖြစ်သည် ။ ပါးစပ်အတွင်းမှ သွားရည်များစီးထွက်ခြင်း ၊ ချွဲကြပ်ခြင်း ၊ နှာရည်ယိုခြင်း ၊ မျက်ရည်ထွက်ခြင်း ၊ ချွေးထွက်ခြင်းတို့သည် အာပေါဓာတ်ဖေါက်ပြန်သော လက္ခဏာများဖြစ်သည် ။ ♦ ဝါယော တည်းဟူသော လေဓာတ်၏ လက္ခဏာမှာ ထောက်ကန်ခြင်းနှင့် လှုပ်ရှားခြင်း အမူအရာ လက္ခဏာဖြစ်သည် ။ တရားထိုင်နေစဉ် ခန္ဓာကိုယ်သည် ရှေ့နောက်သောလည်းကောင်း ၊ ဆန်ကောဝိုင်းကဲ့သို့လည်းကောင်း ၊ လှုပ်ရှားနေခြင်း ၊ ခြေလက်အင်္ဂါများ ပရမ်းပတာလှုပ်ခြင်း ၊ ခန္ဓာကိုယ်အတွင်း၌ လေမုန်တိုင်းတိုက်ခတ်သကဲ့သို့ ခံစားရခြင်းအစရှိသည့် လက္ခဏာများသည် ဝါယောဓာတ်ဖေါက်ပြန်သော သဘော လက္ခဏာများဖြစ်သည် ။ ♦ တေဇောတည်းဟူသော အပူအအေးဓာတ်လက္ခဏာသည် တရားထိုင်နေစဉ် အအေးခန်းဝင်သကဲ့သို့ ခန္ဓာကိုယ်အေးလာခြင်း ၊ နေပူထဲလမ်းလျှောက်ရသကဲ့သို့ ခန္ဓာကိုယ်ပူလာခြင်း ၊ မီးစနှင့်ထိုးသကဲ့သို့ တစ်နေရာတွင် ကွက်၍အပြင်းပူခြင်း ၊ တစ်ကိုယ်လုံးမီးလောင်သကဲ့သို့ပူလာခြင်း ၊ ရေခဲတုံးကြီးပေါ်တက်ထိုင်နေရသကဲ့သို့ အေးတက်လာခြင်း အစရှိသည့် သဘော လက္ခဏာများသည် တေဇောဓာတ်ဖေါက်ပြန်မှုများဖြစ်ပါသည် ။ ♦♦♦ သို့သော် ၄င်းဖေါက်ပြန်မှုများသည် ဘုရားဟောဒေသနာများအရ သင်္ခါရသဘော ၊ အနိစ္စသဘောအရ မမြဲဘဲ အမြင့်ဆုံးအထိ ဖေါက်ပြန်ပြီးလျှင် ချုပ်ပျက်ရမည်သာဖြစ်ပါသည် ။ ရုပ်ဖေါက်ပြန်မှု ချုပ်ပျက်သကဲ့သို့ ခံစားရသောနာမ်သည်လည်း ရုပ်နှင့်အတူ တထပ်တည်းချုပ်ပျက်ရပေမည် ။ (မြတ်စွာဘုရား၏နောက်ဆုံးမှာတမ်းကို ပြန်လည်ဖတ်ရှုပါက သဘောပေါက်ပေလိမ့်မည်) ။ ယင်းကဲ့သို့ ရုပ်နှင့်နာမ် တထပ်တည်း ချုပ်ပျက်သွားသောအဆင့်အထိ ဖေါက်ပြန်မှုဝေဒနာ၏ စ/လယ်/ဆုံး ကို ရှုမှတ်သိရှိဘူးမှသာလျှင် တရားယောဂီအစစ်အမှန်ဖြစ်ပေလိမ့်မည် ။ ယင်းကဲ့သို့ရှုမှတ်ဘူးပါက အသေတတ်သွားပြီး အပါယ်မလားတော့ပါဟု ဆရာတော်ဘုရားကြီးက တဖွဖွအမိန့်ရှိပါသည် ။ ♦♦♦ လူတိုင်းလူတိုင်းသည် တစ်နေ့သောအခါ ဓာတ်လေးပါးအနက် တစ်ပါးပါးက ဦးဆောင် ဖေါက်ပြန်သောကြောင့် ခန္ဓာကြွေပျက်ပြီး သေဆုံးရမည်မှာ အမှန်ပင်ဖြစ်သည် ။ ရန်ကုန်မြို့ရှိတစ်မြို့တည်းတွင်ပင် တစ်နေ့လျှင် ပျှမ်းမျှ လူ(၃၀)ကျော်သေနေပါသည် ။ ကြံတောသုဿန် မီးသဂြိုလ်သောနေရာသို့သွားရှုပါက ပိုသဘောပေါက်ပေလိမ့်မည် ။ ♦♦♦ တရားစထိုင်သောအခါ ပထမဦးဆုံးဦးဆောင်၍ ဖေါက်ပြန်လာသောဓာတ်သည် မိမိကို သေရွာပို့မည့်ဓာတ်ဖြစ်ပါသည်ဟု ဆရာတော်ဘုရားကြီးက အတိအလင်း ထင်ထင်ရှားရှား တဖွဖွ အမိန့်ရှိပါသည် ။ ဆိုလိုသည်မှာ မိမိသောသောအခါ ထိုဓာတ်က ဖေါက်ပြန်ပြီး သေဆုံးရမည်ဖြစ်သည် ။ ထို့ကြောင့် တရားယောဂီ တို့သည် ပထမတရားထိုင်စဉ် မိမိဦးဆုံးတွေ့ကြုံရသော ဓာတ်သဘောကို နောကြေနေစေရန် အရေးကြီးပါသည် ။ ဖေါက်ပြန်မှုဝေဒနာ၏ ဖြစ်စ ၊ ဖြစ်လယ် ၊ ဖြစ်ဆုံးကို ရှုမှတ်သိရှိထားလျှင် အပါယ်ဘေးမှ မုချကင်းဝေးနိုင်ပါသည်ဟု ဆရာတော်ဘုရားကြီးက ရဲရဲအာမခံအမိန့်ရှိပါသည် ။ ♦♦♦ သေခါနီးဆဲဆဲ ဓာတ်ကြီး လေးပါးဖေါက်ပြန်သောအခါ ခံစားမှုဝေဒနာဟု ပညာသိဖြင့်မသိဘဲ ၊ ငါနာတယ် ၊ ငါကိုက်တယ် ၊ ငါအောင့်တယ် ၊ ငါပူတယ် ဟု အယူမှား အမှတ်မှား သညာသိဖြင့် သေခဲ့လျှင် မုချ အပါယ်လေးပါးကျပေလိမ့်မည် ။ သေခါနီးဆဲဆဲတွင် သုခဝေဒနာ ၊ ဥပေက္ခာဝေဒနာများလာမည်မဟုတ်ဘဲ ၊ အသက်ခန္ဓာကို ချွေဖျက်မည့် ဓာတ်လေးပါးဖေါက်ပြန်မှု ဒုက္ခဝေဒနာသာ လာပေလိမ့်မည်ဆိုသည်ကို အမြဲသတိပြုပါလေ ။ ထို့ကြောင့်ပင် မြတ်စွာဘုရားက သုဂတိဘုံသားများ ကမ္ဘာမြေမှုန့်အရေအတွေက်လောက်သေလျှင် လက်သည်းခွံပေါ်မှာရှိသော မြေမှုန့်အရေအတွက်လောက်သာ သုဂတိဘုံကိုပြန်ပြီးရောက်ရပေသည်ဟု (နခသိခသုတ်)တွင် အထင်အရှား ဟောကြားတော်မူခဲ့ပါသည် ။ အဘယ့်ကြောင့်ဆိုသော် များစွာသော သူတို့သည် ဓာတ်လေးပါး ဖေါက်ပြန်မှု ဝေဒနာဒုက္ခကို အမှန်ပညာသိဖြင့် မသိဘဲ ၊ အမယ်လေး အဘလေး ကယ်ပါ ယူပါ ဟု အော်ဟစ်ကာ ဒေါသစိတ် သညာသိနှင့် သေကြသဖြင့် အပါယ်လေးပါးသို့လားရပေသည် ။ မြင်တယ် ၊ ကြားတယ် ၊ န့တယ် ၊ တောင့်တယ် ၊ ကျင်တယ် ၊ ကိုက်တယ် ၊ နာတယ် ၊ ပူတယ် ၊ အေးတယ် အစရှိသည် များသည် မရှိသောတရားများဖြစ်သည် ။ မရှိကို အရှိဟုထင်ကာ အယူမှား အမှတ်မှားနှင့် သံသရာလဆန်း တစ်ရက်နေ့ကတည်းက အမည်သညာများနှင့် ခေါ်ဝေါ်နေခြင်းဖြစ်သည် ။ ထိုအရာအားလုံးသည် ဝေဒနာနာမ် ၏ ခံစားသော သဘောတစ်ခုတည်းဟု အမှတ်ပြုပြီး ပညာသိဖြင့် သိနေရမည်ဟု ဆရာတော်ဘုရားကြီးက ထပ်ခါတလဲလဲ မိန့်ကြားဆုံးမတော်မူခဲ့ပါသည် ။ ♦♦♦ #crd #မြတ်စွာဘုရား #ဘုရား #ဘုရားသမိုင်းအကြောင်း #တရားတို #တရားေတာ္ #တရားတော်များ2021 #တရားတော်များ2022 #တရားတော်များ2023 #တရားတော်များစုစည်းရာ #တရားတော် #တရားတော်များ #တရားအမေးအဖြေ #တရားအမေးအဖြေများ #buddha_stories #buddhaquotes #စိတ် #သုတရသ #သုတ #ကုသိုလ် #buddhateachings #စိတ်ခွန်အား #buddhainspired #buddhawhatsappstatus #buddhastory ##buddha_face_carving #စာအုပ်စာပေ #စာအုပ် #စာပေ #စိတ်ဓာတ်ခွန်အားရှိစာပေများ #စိတ်ဓါတ်မြှင့်တင်ရေး #buddha #dhamma #buddhist #buddhism