Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб မေဒေး အလုပ်သမားအခွင့်အရေး တောင်းဆိုချက်များ в хорошем качестве

မေဒေး အလုပ်သမားအခွင့်အရေး တောင်းဆိုချက်များ 1 месяц назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



မေဒေး အလုပ်သမားအခွင့်အရေး တောင်းဆိုချက်များ

မေဒေး အလုပ်သမားအခွင့်အရေး တောင်းဆိုချက်များ မေ ၃၊ ၂၀၂၅ #ရုပ်သံသတင်း မြန်မာနိုင်ငံ သမိုင်းတလျှောက် အဆိုးရွားဆုံး ကပ်ဘေးတွေနဲ့ ရင်ဆိုင်နေရတဲ့ လက်ရှိမျက်မှောက်ခေတ်ရဲ့ ၂၀၂၅ ခုနှစ် မေလ ၁ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့အလုပ်သမား နေ့ မှာတော့ အလုပ်သမားသမဂ္ဂတွေ ၊အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်တွေနဲ့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေထံကနေ အနည်းဆုံးအခကြေးငွေတိုးမြှင့်ရေး ၊ စစ်အာဏာရှင်အဆုံးသတ်ရေး နဲ့ အဓမ္မခိုင်းစေမှုတွေ အမြန််ဆုံး ရပ်တန့်ရေး တောင်းဆိုချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ စစ်အာဏာသိမ်းကာလ မြန်မာနိုင်ငံမှာ ပြည်တွင်း ပဋိပက္ခတွေ၊ လုပ်သားရှားပါးမှုတွေ ၊ စီးပွားရေး ချွတ်ခြုံကျမှုတွေ နဲ့အတူ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေနဲ့ အဓမ္မ စစ်မှုထမ်း ရန်ခိုင်းစေမှု တွေကြောင့် အခြေခံပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းဟာ သမိုင်းမှာ အဆိုးရွားဆုံးအခြေအနေထိ နိမ့်ကျခဲ့ရပါတယ်။ ဒီအခြေအနေမှာ ဆင်းရဲမွဲတေမှု မြင့်တက်နေတဲ့ ပြည်သူတွေ အတွက်နေ့ စဉ်လူနေမှုကုန်ကျစရိတ် မြင့်တက်မှုတွေကို ကာမိဖို့ အနည်းဆုံးအခကြေးငွေ တိုးမြှင့်ပေးဖို့ကိုလည်း အလုပ်သမားအဖွဲ့အစည်းတချို့က တောင်းဆိုချက်တွေပြုလုပ်ကြပါတယ်။ လုပ်ခလစာ တိုးမြှင့်သတ်မှတ်ရေး ၊ လုပ်ငန်းခွင် ဆိုင်ရာအခွင့်အရေးချိုးဖောက်ခံရမှုတွေ ရပ်တန့်ရေး ၊ အနိမ့်ဆုံးလုပ်ခလစာတိုးမြှင့်သတ်မှတ်ရေးနဲ့ ဆင်းရဲမွဲတေမှုရဲ့ အဓိက အကြောင်းအရင်းဖြစ်တဲ့ စစ်အာဏာရှင် ပြုတ်ကျရေးတောင်းဆိုချက်တွေ ရှိခဲ့တဲ့ မြန်မာနိုင်င်ငံ အလုပ်သမားထုကြုံတွေ့နေရတဲ့ အခြေအနေတွေ အကြောင်းကို နှင်းနှင်းက တင်ဆက်ပေးထားပါတယ်။ #MyanmarLabourNews #mayday2025 #Myanmarcoup #labourright #interview

Comments