Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб စစ်ကောင်စီ လေတပ်အတွက် အိပ်မက်ဆိုးတွေ စပြီလား | People's Spring в хорошем качестве

စစ်ကောင်စီ လေတပ်အတွက် အိပ်မက်ဆိုးတွေ စပြီလား | People's Spring 3 дня назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



စစ်ကောင်စီ လေတပ်အတွက် အိပ်မက်ဆိုးတွေ စပြီလား | People's Spring

စစ်ကောင်စီ လေတပ်အတွက် အိပ်မက်ဆိုးတွေ စပြီလား နေ့သစ်/ People's Spring လေကြောင်းအားသာမှုကိုသုံးပြီး နိုင်ငံတစ်ဝန်းနေ့စဉ် ဗုံးပတ်ကြဲ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီအတွက် မေလ ၂၀ ရက်နေ့က ကံဆိုးတဲ့နေ့ဖြစ်ခဲ့ပါတယ် ။ ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို စစ်ကူနဲ့ လက်နက် ခဲယမ်း ၊ရိက္ခာသွားပို့တဲ့ ရဟတ်ယာဉ်၃ စီးကို KIA နဲ့ ပူးပေါင်းတပ်တွေက မေလ တတိယပါတ်မှာ တန်ပြန်တိုက်ခိုက်တာကြောင့် ၂ စီးထိမှန်ပျက်စီးခဲ့ပါတယ် ။ စစ်ဆင်ရေးတစ်ခုတည်းမှာ ရက်ပိုင်းအတွင်း ရဟတ်ယာဉ် ၂ စီးဆုံးရှုံးလိုက်ရတာဟာ စစ်ကောင်စီတပ်အတွက် လေကြောင်းစစ်ဆင်ရေးအတွက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အထိအနာဆုံး ဖြစ်ရပ်ဖြစ်ခဲ့ပါတယ် ။တော်လှန်ရေးအဖွဲ့တွေ နဲ့ ပြည်သူတွေအတွက်တော့ စစ်အုပ်စုက ကိုယ့်ပြည်သူတွေကိုပါ နေ့စဉ် ဗုံးပတ်ကြဲပြီး ရိုင်းစိုင်း၊မောက်မာမှုအတွက် တန်ပြန်တိုက်ခိုက်မှုဖြစ်ခဲ့ပါတယ် ။ အထူးသဖြင့် မေလ ၁၂ ရက်နေ့မှာ စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ် ၊အိုးတိန်းတွင်းရွာကျောင်း ဗုံးကြဲခံရလို့ ကျောင်းသားကျောင်းသူနဲ့ ဆရာမ စုစုပေါင်း ၂၄ ဦးသေဆုံးရတဲ့ ဖြစ်ရပ်ဆိုးအပြီး ၈ ရက်အကြာမှာ စစ်တပ်ရဟတ်ယာဉ်တွေကို ပစ်ချနိုင်ခဲ့တာဖြစ်ပါတယ် ။ ဒါကြောင့် ပြည်သူတွေက အိုးတိန်တွင်းရွာက ကလေးငယ်တွေအတွက် တရားမျှတမှု အနည်းငယ် ပြန်ယူပေးသလိုဖြစ်ခဲ့တာမို့ စစ်တပ်ရဟတ်ယာဉ်တွေကို ပစ်ချပေးခဲ့သူတွေကို ကျေးဇူးတင်နေကြပါတယ် ။ တနည်းအားဖြင့် စစ်တပ်ရဟတ်ယာဉ်တွေကို တော်လှန်ရေးတပ်တွေက ပစ်ချနိုင်လို့ ပြည်သူအများစုက ဝမ်းသာ အားရဖြစ်နေတဲ့အခြေအနေဟာ စစ်ကောင်စီအပေါ် လူထုရဲ့သဘောထားကိုလည်း ထင်ဟပ်စေခဲ့ပါတယ်။ စစ်တပ်ကတော့ အိုးတိန်တွင်းရွာကို ဗုံးမကြဲပါဘူးလို့ ဇွတ်ငြင်းသလို ဗန်းမော်မှာ လေယာဉ်ပျက်ကျတာဟာ စက်ရှို့ယွင်းတာလို့ တိုင်းသိပြည်သိထပ်မံ လိမ်လည်ထုတ်ပြန်ပါတယ် ။ တကယ်တော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတော်လှန်ရေးတပ်တွေက စစ်ကောင်စီရဲ့ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို ပစ်ချဖျက်ဆီးနိုင်တာဟာ ဒါပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ အတိအကျပြောရရင် တော်လှန်ရေးတပ်အဖွဲ့တွေက စစ်တပ် ရဟတ်ယာဉ် နဲ့ တိုက်လေယာဉ်တွေကို ပစ်ချ ဖျက်ဆီးနိုင်တာ အနည်းဆုံး ၁၀ စီးရှိပြီဖြစ်ပါတယ် ။ စစ်တပ်ရဟတ်ယာဉ်တွေ ၊တိုက်လေယာဉ်တွေကို တော်လှန်ရေးတပ်တွေကအနည်းဆုံး ၁၀ စီးကို ပစ်ချဖျက်ဆီးနိုင်ခဲ့တဲ့အပေါ်CDM တပ်မတော်သားအရာရှိ ကိုနောင်ရိုးက "အခုလောက်ထိ ပစ်ချနိုင်တာက သူတို့(စစ်ကောင်စီ)အားထားအသုံးပြုနေတဲ့ လေကြောင်းကို အတိုင်းအတာတစ်ခုအထိ တုန့်ပြန်နိုင်တယ်။ တန်ပြန်ခြိမ်းခြောက်နိုင်တဲ့ အနေအထားတစ်ခုလို့ ပြောလို့ ရတယ်။ စစ်ကောင်စီလေတပ်အတွက်လည်း သက်ရောက်မှုဖြစ်စေတယ်။ တော်လှန်ရေးအတွက်တော့ အင်မတန်ကောင်းတယ်။ ကိုယ့်မှာရှိတဲ့အနေအထားကနေ အခုလို ပစ်ချနိုင်တယ်ဆိုတာ အင်မတန်မှ ကောင်းမွန်တဲ့အရွေ့တစ်ခု၊ ရလဒ်တစ်ခုကို ပြောလို့ရပါတယ်"လို့ မှတ်ချက်ပြုပါတယ် ။ တော်လှန်ရေးတပ်ဖွဲ့တွေက ၁၀ စီးပစ်ချနိုင်ခဲ့တာမှာ ကချင်လွတ်လပ်ရေးတပ်မတော် လို့ခေါ်တဲ့ KIA နဲ့ မဟာမိတ်တွေက ၅ စီးကိုပစ်ချဖျက်ဆီးနိုင်ခဲ့တာက ထူးခြားပါတယ် ။ KIA က စစ်တပ်အာဏာမသိမ်းခင်က တိုက်ပွဲတွေမှာလည်း စစ်တပ်ရဟတ်ယာဉ်တွေကို ပစ်ချဖျက်ဆီးခဲ့ဖူးပါသေးတယ် ။ ဒါကြောင့် တော်လှန်ရေးအဖွဲ့တွေထဲမှာ စစ်တပ်လေကြောင်းကို အန္တရာယ်အပေးနိုင်ဆုံးအဖွဲ့ဖြစ်ပါတယ် ။ ၂ ရက်အတွင်း စစ်တပ်ရဟတ်ယာဉ် ၂ စင်းကို ပစ်ချဖျက်ဆီးနိုင်ခဲ့တာကလည်း တော်လှန်ရေးအဖွဲ့တွေအတွက် ထူးခြားတဲ့တိုးတက်မှုဖြစ်ပါတယ်။KIA ပဲဒါမျိုးလုပ်နိုင်သေးတာပါ ။ KIA နဲ့ပူးပေါင်းတပ်တွေကမေလ ၂၀ ရက်နေ့မှာ ဗန်းမော်မြို့ အမှတ် (၂၁) စစ်ဆင်ကွပ်ကဲမှုဌာနချုပ်(စကခ ၂၁) ကို စစ်ကူနဲ့ ခဲယမ်း၊ရိက္ခာလာပို့တဲ့ ရဟတ်ယာဉ် ၃ စီးကို လက်နက်မျိုးစုံနဲ့ ဒရုန်းကိုအသုံးပြု ပစ်ခတ်တိုက်ခိုက်တာမှာ ၂ စီးထိမှန်ပြီး ၁ စီးကရွှေကူမြို့အနီး သစ်တောထဲမီးလောင်ကျွမ်းပျက်ကျခဲ့ပါတယ်။သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ဖြစ်တဲ့Mi-17 ပေါ်ပါ စစ်သား ၁၆ ဦးစလုံးသေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှ ဗျူဟာမှူး တစ်ဦး အပါအဝင်အရာရှိအချို့ပါဝင် တယ်လို့ စစ်ရေးရင်းမြစ်တွေကပြောပါတယ်။ ကျန် ၁ စီးမှာလည်းထိခိုက်ပျက်စီးမှုတွေရှိပြီး ရွှေကူမြို့ကိုအရေပေါ်ဆင်းသက်နေတုန်းမှာမေ ၂၁ ရက်နေ့ ညနေပိုင်းမှာ KIA နဲ့ပူးပေါင်းတပ်တွေကထပ်မံသွားရောက်တိုက်ခိုက်ဖျက်ဆီးခဲ့တာလို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက လူထုနွေဦးကိုအတည်ပြုပါတယ်။ ရွှေကူမြို့က ရဟတ်ယာဉ်ကိုစစ်တပ်က သံချပ်ကာကားတွေ ၊သံပြားကာကားတွေ ၊တင့်ကာတွေနဲ့ ဝိုင်းရံထားတဲ့ ကြားက KIA က လက်နက်မျိုးစုံ နဲ့ ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ် ။ ဒါအပြင် KIA ၂၀၂၁ မိုးမောက်မြို့နယ်မှာ Mi-35 ရဟတ်ယာဉ်တစ်စီး ၊၂၀၂၄ ဇန်နဝါရီ ၃ ရက်မှာ ဝိုင်းမော်မြို့နယ်မှာလည်း Mi-35 ရဟတ်ယာဉ်တစ်စီး၊၂၀၂၄ ဇန်နဝါရီ ၁၆ ရက်မှာကွတ်ခိုင်မြို့နယ်မှာ FTC 2000 G တိုက်လေယာဉ် တို့ကိုပစ်ချခဲ့တာပါ ။ ရဟတ်ယာဉ်တွေကို မကြာခဏ ပစ်ချနိုင်ခဲ့တဲ့ KIA အတွက် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာမှာ တရုတ်နိုင်ငံလုပ်တိုက်လေယာဉ် FTC 2000 G ကိုပစ်ချခဲ့တာက ထူးခြားပါတယ် ။ဒါပေမယ့် KIA က ဘာလက်နက်နဲ့ပစ်တယ်ဆိုတာကိုတော့ မထုတ်ပြန်ပါဘူး ။ KIA နဲ့ပူး​ပေါင်းတပ်​တွေက ဗန်း​မော်ကိုစစ်ကူလာပို့တဲ့ရဟတ်ယာဥ် ​တွေကိုပစ်ချပြီးတဲ့​နောက်မှာ ​ခြောက်လ​ကျော်လပြီဖြစ်တဲ့ ဗန်း​မော်မြို့သိမ်းတိုက်ပွဲဟာပိုစိတ်ဝင်စရာ​ကောင်းလာပြီဖြစ်ပါတယ်။စစ်တပ်က ကုန်း​ကြောင်း​​ရေ​ကြောင်းစစ်ကူပို့မရ​တော့ပဲ​လေ​ကြောင်းကပဲ စစ်ကူပို့​နေရာမှာအခု​တော့ ​လေ​ကြောင်းပါအထိနာသွားလို့ဖြစ်ပါတယ်။ "ဗန်းမော်ကတော့ KIA တပ်ပေါင်းစုတွေက မရရအောင် သိမ်းမှာပါ။ သိပ်တော့မကြာလောက်ဘူးထင်တယ်" လို့ ကချင်စစ်​ရေးရင်းမြစ်တဦးက​ပြောကြားလိုက်ပါတယ် ။ ။ #ludunwayoo #လူထုနွေဦး #NewsUpdate 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 𝗬𝗼𝘂𝗧𝘂𝗯𝗲 -    / @peoplespring   𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 -   / ludunwayoo   𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/ 𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 -   / ludunwayoo   𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

Comments