Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб Recipe Corner Ep 8 ငါးပေါင်း (Peacock Train Fish) в хорошем качестве

Recipe Corner Ep 8 ငါးပေါင်း (Peacock Train Fish) 5 лет назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



Recipe Corner Ep 8 ငါးပေါင်း (Peacock Train Fish)

အားလုံးပဲမင်္ဂလာပါ။ ကျွန်တော်တို့ရဲ့ Recipe Corner အစီအစဉ်ကနေပြန်လည်ပြီး ကြိုဆိုလိုက်ပါတယ်။ ဒီနေ့လိုမျိုး တရုတ်နှစ်သစ်ကူးနေ့မှာ တရုတ်လူမျိုးတွေရဲ့ မပါမဖြစ်ဟင်းတစ်ခွက်ဖြစ်တဲ့ တရုတ်ငါးပေါင်းဟင်းလျာလေးကို ပြုလုပ်ပြသွားမှာပဲဖြစ်ပါတယ်။ ဒီငါးပေါင်းဟင်းက ချက်ရတာလည်းအလွန်လွယ်ကူပြီး ကလေးငယ်တွေကအစ လူကြီးတွေပါစားသောက်နိုင်တဲ့အထိ အနံ့အရသာတို့နဲ့ပြည့်စုံနေတာမလို့ ကိုယ့်အိမ်မှာလုပ်စားကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်။ ပါဝင်ပစ္စည်း ကက္ကတစ်ငါး - (၁) ကောင် ကြက်သွန်မြိတ် - (၅) ချောင်း ဂျင်း - (၇) တက် ငရုပ်သီးအနီတောင့် - (၂) တောင့် ဆား - စားပွဲတင်ဇွန်း (၁) ဇွန်း သကြား - စားပွဲတင်ဇွန်း (၂) ဇွန်း ခရုဆီ - စားပွဲတင်ဇွန်း (၁) ဇွန်း ဆီပူ - စားပွဲတင်ဇွန်း (၄-၅) ဇွန်း ပဲငံပြာရည်အကြည် - စားပွဲတင်ဇွန်း (၃) ဇွန်း ဟင်းချက်အရက် (Cooking Wine) - စားပွဲတင်ဇွန်း (၃) ဇွန်း ချက်ပြုတ်နည်း ၁) ငါးကိုအရင်သန့်စင်ပြီး ခေါင်းနှင့်အမြှီးကိုဖြတ်ထားပါ။ ပြီးလျှင် အလယ်အသားများကိုလက်တစ်မြောင်းစာဖြတ်ပြီး အမြှီးကိုအလယ်ကနေပိုင်းထားပါ။ ၂) ပန်းကန်ထဲတွင်လှီးထားသော ကြက်သွန်မြိတ်၊ ဂျင်းတို့ထည့်ပြီးငါးကိုအပေါ်မှာတင်ပါ။ ပြီးလျှင် ဆားနှင့်ဟင်းချက်အရက်တို့ထည့်ပြီး ပေါင်းအိုးထဲတွင် (၁၂) မိနစ်ပေါင်းပါ။ ၃) ပန်းကန်တစ်ခုထဲတွင် ပဲငံပြာရည်အကြည်၊ ခရုဆီ၊ ဆား၊ သကြား၊ ငရုပ်ကောင်းမှုန့်တို့ထည့်ပြီးဆော့စ်စပ်ထားပါ။ ၄) နောက်ဆုံးအနေနဲ့ ဒယ်အိုးထဲတွင်ဆီအပူပေးပါ။ ဆီပူလာလျှင် ငါးပေါင်းအပေါ်ကိုဆီအပူနှင့် ဆော့စ်တို့လောင်းချပြီး စားသုံးနိုင်ပါပြီ။

Comments